ပိုင်တံခွန်ကို ချစ်တယ်လို့ဖွင့်ဟလာတဲ့ မတ်မတ်သင်ဇာ

Posted on

သင်ဇာဝင့်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်အလှဆုံးမင်းသမီးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

သင်ဇာ့ကို ပိုင်တံခွန်နဲ့ မကြာခဏတွဲတွေ့ရပြီး ကြော်ငြာတွေ ရုပ်ရှင်တွေမှာလည်း လိုက်ဖက်ညီစွာသရုပ်ဆောင်ထားကြတာတွေ့ရတာကြောင့်ပရိသတ်တွေက ပိုင်တံခွန်နဲ့ သဘောတူတယ်လို့ စနောက်ခဲ့တဲ့အချိန်တွေလည်းရှိပေမယ့်ပိုင်တံခွန်နဲ့ သင်ဇာကတော့မောင်နှမတွေလိုမျိုးခင်တာလို့ပဲ အင်တာဗျူးတွေမှာဖြေခဲ့ကြပါတယ်။

မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ ပိုင်တံခွန်နဲ့ သင်ဇာနဲ့က တစ်ယောက်အပေါ်တစ်ယောက်အမြင်တွေနဲ့ ခံစားချက်တွေကိုပြောပြလာခဲ့တာကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖောက်သည်ချတင်ဆက်ပေးလိုက်ရပါတယ်။

သင်ဇာက ပိုင်တံခွန်နဲ့ အသက်ကွာဟမှုကို “အသက်ကတော့ ဆယ်နှစ်လောက်ကွာတာဆိုတော့ စဉ်းစားသာကြည့်တော့”လို့ဖြေထားပြီး ပိုင်တံခွန်က “ဆယ်နှစ်လောက်ပေါ့။ ကျွန်တော် အစ်မ တကယ်အောင်မြင်နေတဲ့အချိန်မှာ သူငယ်တန်းလောက်ရှိပြီ။ စတာပါ။

ဆယ်နှစ်လောက်တော့ကွာတယ်။ ဒါပေမယ့်မထင်ရဘူး။ ကျွန်တော်က ပိုကြီးသလိုထင်ရတယ်”လို့ရယ်မောရင်းဖြေကြားထားပြီး သင်ဇာနဲ့ အလုပ်တူတူလုပ်ဖြစ်ပုံကို”အစ်မနဲ့ကတော့ ခဏခဏဆုံဖြစ်တာ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကတည်းက ခဏခဏဆုံဖြစ်တယ်။ ကြော်ငြာတွေပဲဖြစ်ဖြစ် commercial တွေပဲဖြစ်ဖြစ်ဆုံဖြစ်တယ်”လို့ပြောပြထားပါတယ်။

သင်ဇာကတော့ ပိုင်တံခွန်အပေါ်အမြင်ကို “သူနဲ့စရိုက်တုန်းကလေ သူ့အသက်ကိုမေးဖြစ်တယ်။ သူ့ဟာသူ အသက်လေးကငယ်ငယ်လေးနဲ့ သူ့ဟာသူ control လုပ်နိုင်တယ်။အလုပ်ကြိုးစားတဲ့လူတစ်ယောက်လို့မြင်တယ်။

ဘာပဲဖြစ်ဖြစ်ကိုယ့်ထက်အသက်အများကြီးငယ်တယ်ဆိုပေမယ့်လည်း သူ့ကိုလေးစားတယ်။ သူ့ဟာသူ handle လုပ်နိုင်တယ်ပေါ့။ ပြီးတော့ သူကြိုးလည်းကြိုးစားတယ်။ဆက်ဆံရေးလည်းကောင်းတယ်။သဘောလေးလည်းကောင်းတယ်။စိတ်လေးလည်းကောင်းတယ်။ အလုပ်တွဲလုပ်လို့လည်းအဆင်ပြေတယ်”လို့ ပြောပြထားပါတယ်။

မမသင်ဇာက ပိုင်တံခွန်ကိုချစ်တာပေါ့လို့လည်း “သူက respect လည်းအရမ်းရှိတယ်။ အလုပ်လည်းအရမ်းကြိုးစားတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်သူ့ကိုအကုန်လုံးက ချစ်ကြတယ်။ သူနဲ့အလုပ်တွဲလုပ်ဖူးတဲ့လူတွေအကုန်လုံးကလည်းသူ့ကိုချစ်ကြတယ်။

ကိုယ်လည်းကိုယ့်မောင်လေးတစ်ယောက်လိုတော့ချစ်တာပေါ့”လို့ ရယ်မောရင်းဖြေထားပါတယ်။ ပိုင်တံခွန်က သင်ဇာနဲ့အလုပ်အတူတူလုပ်ရတဲ့ခံစားချက်ကို “ကျွန်တော်အစ်မနဲ့အများကြီးရိုက်ဖူးတယ်။ အစ်မနဲ့ရိုက်တဲ့ပုံစံကျတော့ ကိုယ်ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းနဲ့ရိုက်ရသလိုပဲပိုပြီး friendly ဖြစ်တယ်။တကယ်လည်းအလုပ်လုပ်လို့အဆင်ပြေတယ်ပေါ့”လို့ ပြောပြထားပါတယ်။

ပိုင်တံခွန်နဲ့အတူတူတွဲရိုက်ထားဖြစ်တာတွေအကြောင်း သင်ဇာက “သူနဲ့က ဟိုးအရင်ကတည်းက ဓာတ်ပုံရိုက်တွေဆုံတာပေါ့။ ပြီးတော့ ခရီးသွားကောက်ကြောင်းတစ်ကားဆုံတယ်။ သူဘယ်သူလဲတစ်ကားဆုံတယ်ပေါ့။ ဒီကြားထဲမှာတော့အဲ့လိုမျိုး ဓာတ်ပုံရိုက်လေးတွေဆုံဖြစ်တယ်ပေါ့”လို့ ပြောပြထားပါတယ်။

ပိုင်တံခွန်က သင်ဇာ့ကိုအစ်မအရင်းတစ်ယောက်လိုပဲလို့လည်း “ခေတ်ကတော့ အများကြီးပြောင်းလဲနေတယ်။ အမှန်အတိုင်းပြောရင် ဒါက personal case ဖြစ်သွားပြီပေါ့။အမှန်အတိုင်းပြောရင် ကျွန်တော်က အစ်မသင်ဇာကို ကိုယ့်ရဲ့အစ်မအရင်းတစ်ယောက်လို ကိုယ့်ရဲ့စီနီယာအစ်မတစ်ယောက်လိုတကယ်လည်း ဂျူနီယာတွေအပေါ်မှာ နားလည်မှုရှိပြီးတော့ လေးစားဖို့ကောင်းတဲ့ celebrity တစ်ယောက်အနေနဲ့ပဲ ကျွန်တော်မြင်တယ်”လို့ ရင်ဖွင့်ထားပါတယ်။

Source; Everytimestory

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.