ယဉ်ယဉ်လေးနဲ့လှတယ်လို့ ပရိသတ်တွေအကုန်လုံးက လက်ခံထားကြတဲ့ မအေးသောင်းကတော့ နန်းဆန်ပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးတစ်ဦးပဲ ဖြစ်ပါတယ်။ စကားပြောရင်လည်း အရမ်းပွင့်လင်းတဲ့ မအေးသောင်းကတော့ လတ်တလောမှာ ပိုက်ဆံလိမ်သွားတဲ့သူကို အကြွေးတောင်းမရလို့ SS တွေတင်ရတော့မယ်လို့ ထုတ်ပြောလာတာ တွေ့ရပါတယ်။ စကားအရမ်းတတ်တဲ့ မအေးသောင်းကတော့ သူမကို အကြွေးမပေးတဲ့သူကို ထိထိမိမိနဲ့ ပညာသားပါပါ ပြောလိုက်တာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို စိတ်တိုစရာကောင်းတဲ့ အကြွေးမဆပ်သူတစ်ယောက်အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ မအေးသောင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မအေးသောင်းကတော့ “ပိုက်ဆံလိမ်သွားတဲ့သူကို လေဆိပ်မှာတွေ့တုန်းလေးအကြွေးတောင်းတော့ ဖြေရှင်းမလိုလို ပေးမလိုလိုလုပ်ပြီး ဖုန်းနံပါတ်တွေပေးသွားတာ။ အခုကျတော့ ဖုန်းပြောဖို့တောင် ကျွန်တော်မအား တဲ့။ အယ်လယ် မမ တော့ SS တွေ တင်ရတော့မယ်ထင်တယ်။ အရင်မိန်းမနဲ့ကွဲပြီလား မကွဲပြီလားတော့မသိပေမဲ့ အခုတွဲလာတာကျတော့ ကိုယ့်အသိုင်းအဝိုင်းထဲက မိန်းကလေးနဲ့။” ဆိုပြီး သူမကို ပိုက်ဆံလိမ်သွားတဲ့ သူအကြောင်းပြောထားတာပါ။
မအေးသောင်းကတော့ မကြာခဏဆိုသလိုလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် သူမရဲ့အလှပုံရိပ်လေးတွေတင်ပေးလေ့ရှိပါတယ်။
သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မအေးသောင်းကတော့ တလောက ရုံတင်ပြသသွားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ကြာဥဆိုတဲ့ ဇာတ်ကောင်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့သဲသဲလှုပ်အားပေးခြင်းကို ခံထားရပါသေးတယ်။ လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင်တွေရိုက်ကူးရင်း၊ ကြော်ငြာတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်တိုစရာကောင်းတဲ့ အဖြစ်အပျက်နဲ့ ကြုံခဲ့ရတဲ့ မအေးသောင်းရဲ့အကြောင်းကို ဝေမျှပေးသွားကြပါဦးနော်။
Source;Aye Thaung’s Facebook`
ခရက်ဒစ် မိုမိုလေး