ပိတ်ကားထက်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် ပျိုတိုင်းကြိုက်တဲ့ ထိုင်းမင်းသားချောများ

Posted on

ဒီနှစ်မှာတော့ နာမည်ကျော်ကြားပြီး သရုပ်ဆောင်ကောင်းကြတဲ့ ထိုင်းမင်းသားချောများရဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။ ပျိုတိုင်းကြိုက်တဲ့ မင်းသားချောတွေရဲ့ ဇာတ်ကားတွေဖြစ်လို့ ရုံတင်ရင် သွားကြည့်ဦးနော်။

 

Mario Maurer

ခန့်ချောကြီး Mario က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား (၂) ကား ရိုက်ကူးထားပါတယ်။ ပထမဇာတ်ကားက ‘Low Season’ နဲ့ နောက်တစ်ခုက ‘Fah Fuen’ ဆိုတဲ့ ဟာသရုပ်ရှင်ပဲ ဖြစ်ပါတယ်။

 

Mark Prin

မင်းသားချော Mark Prin ကို ‘Jom Kha Mung Wej 2’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားသစ်မှာ အလွမ်းပြေမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

 

Sunny Suwanmethanont

ဟာသမင်းသားလို့ မိန်းမချောလေးများ ကင်ပွန်းတပ်ထားတဲ့ Sunny Suwanmethanont က မင်းသမီးချောလေး Aokbab Chutimon နဲ့အတူ ‘Happy Old Year’ ဆိုတဲ့ ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်ထားပြီး (၂၀၁၉) ဒီဇင်ဘာလမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

 

Source : Thai Update

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.