ပရလောကနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိသလို ရှိလည်း မရှိချင်ဘူးဆိုတဲ့ မြင့်မြတ်

Posted on

သဘာဝမင်းသားလို့ ပရိသတ်များက ချစ်စနိုးနဲ့ခေါ်ဆိုကြသလို ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပြည်သူတွေရဲ့ အားပေးကြမ်းမှုကို များစွာရရှိထားတဲ့ အကယ်ဒမီ မြင့်မြတ်က ဂိုဏ်းစတားဖိုက်တင်ဇာတ်ကားများကို ရိုက်လာဖြစ်သလို ကာရိုက်တာမျိုးစုံနဲ့လည်း ထိတွေ့နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြင့်မြတ်ကို သရဲကားတွေမှာတော့ သိပ်ပြီးမတွေ့ရပါဘူး။

Photo : မြင့်မြတ်

ဒါ့ကြောင့် မြင့်မြတ်ကို သရဲကား သိပ်မရိုက်ဖြစ်ရတဲ့ အကြောင်းအရင်းကို မေးကြည့်တဲ့အခါမှာတော့ “နည်းတာပါ.. သူ့ဟာသူ ဇာတ်။ ကျွန်တော်တို့ပေါ့နော် ပရိုဂျူဆာတွေ အဲ့လို ရိုက်ပေးတဲ့ ဇာတ်တွေကို ခေါ်တာက နည်းနေလို့ အဲ့တာကြောင့်ပါ။ သရဲကြောက်တာက ကြောက်တာတပိုင်းပေါ့” လို့ဆိုပါတယ်။

Photo : မြင့်မြတ်

ပရလောကနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိလား ဆိုတော့ “ဟင်” လို့ အာမေဋိက်သံနဲ့အတူ “မရှိပါဘူး။ ရှိလည်း မရှိချင်ဘူး” လို့ ရယ်မောပြီး ဆိုပါတယ်။ အသံကြားရင်ကော ကြောက်တာလားလို့ ထပ်မံမေးမြန်းကြည့်တဲ့အခါမှာတော့ “မသိဘူးပေါ့နော်။ ငယ်ငယ်လေးကတည်းကလဲ ..အယ် အဲ့လိုပေါ့။ သရဲကားတွေ ဘာတွေဆိုလည်း သိပ်မကြည့်ဘူး။ အဓိကကတော့ ကြောက်လို့ပေါ့” ဆိုပြီး မီဒီယာများရဲ့ အင်တာဗျူးမှာ ရယ်ရယ်မောမောနဲ့ ဖြေဆိုသွားခဲ့ပါတယ်။

Photo : မြင့်မြတ်

မြင့်မြတ်က အရမ်းချစ်ဖို့ကောင်းတဲ့ သားလေး ဂျူနီယာမြင့်မြတ်ကို ပိုင်ဆိုင်ထားတဲ့ သူလည်း ဖြစ်ပါတယ်။ သရဲကြောက်တတ်တဲ့ မြင့်မြတ်ကို ပရိသတ်ကြီးက အားပေးစကားလေးတွေ ပြောခဲ့ပါဦး။

Photo : မြင့်မြတ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.