ပရိသတ်ရှေ့ကို MTV တစ်ပုဒ် နဲ့ ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ မိုးဟေကို

Posted on

 

ပရိသတ်ကြီးရေ ၊ နှစ်အတော်ကြာ ရုပ်ရှင် နဲ့ ရိုက်ကူးရေးတွေ ရပ်နားထားတဲ့ မိုးဟေကိုတစ်ယောက်  MTV တစ်ပုဒ်မှာ သရုပ်ဆောင်ပြီး ပရိသတ်တွေရှေ့ကို ပြန်လည်ထွက်ပေါ်လာပါတယ်။ ဒီတစ်ခေါက်မှာ တော့ မိုး ဟာ အရင်ကထက် မလျော့တဲ့ အိုက်တင်တွေ သရုပ်ဆောင်ချက်တွေနဲ့ပါ သရုပ်ဆောင်ပြထားတာပါ ။

မဉ္ဇူရီ သီဆိုထားတဲ့ နားလည်ပါတယ် သီချင်းမှာ မိုးဟေကို နဲ့ အတူ အောင်ရဲလင်း က ပါဝင်သရုပ်ဆောင်ပေးထားတာပါ ။  ဒီသီချင်းလေးကို Online Platform များမှာနားဆင်နိုင်ရန်အတွက် Legacy မှဖြန့်ချိပေးထားတာဖြစ်ပါတယ်။

ဒီသီချင်းလေကို ရေးစပ်ပေးထားတာကတော့ အသည်းကွဲသီချင်းများ ဖန်ဆင်းရှင် နိုင်ငံကျော် တေးရေး ဝေကြီး ဖြစ်ပါတယ်။ဒီအသဲကွဲသီချင်းလေးကို နားဆင်ခံစားရင်း မိုး နဲ့ အောင်ရဲလင်းတို့ရဲ့ သရုပ်ဆောင်ချက်လေးတွေ အတွက် မှတ်ချက်ပေးခဲ့ကြပါဦး

 

Source – Legacy Music

Noe Noe May Ju JU

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.