Unicode
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်သူ သရုပ်ဆောင် ကျော်ကျော်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျော်ကျော်ကတော့ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေဖြစ်တဲ့ ဆုမြတ်နိုးဦး ၊ညီထွဋ်ခေါင်တို့နဲ့အတူ ပေ့ချ်ထောင်ကာ ပရိသတ်တွေ အမောပြေစေမယ့် ဗီဒီယိုဖိုင်လေးတွေကို တင်လေ့ရှိပါတယ်.။
ကျော်ကျော်က သူ့ရဲ့ အကောင့်ကနေလည်း ပျော်ရွှင်စေမယ့် အခွီဗီဒီယိုဖိုင်လေးတွေကို တင်လေ့ရှိပြီး ပျော်ရွှင်လွတ်လပ်စွာ စနောက်နေတတ်တဲ့သူပါ.။ ဒီနေ့ ဇွန်လ (၁၉)ရက်နေ့မှာတော့ ကျော်ကျော်က ပရိသတ်တွေကို ဂျင်းထည့်တဲ့ ဟာသဗီဒီယိုဖိုင်လေးတစ်ခုကို “ဖောက်ပြန်ထားတဲ့ video HD အကြည်.. ဖေ့ဘုတ်က ဖြုတ်ချနိုင်တာမို့ မြန်မြန်ဒေါင်းထားကြ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။.
ဗီဒီယိုလေးကတော့ ဖောက်ပြန်ထားတဲ့ ဗီဒီယိုဖိုင်ဆိုပြီး အအေးဘူးဖောက်ပြီး ပြန်တဲ့ အခွီ Scene လေးကို ရိုက်ထားတာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ပရိသတ်ကြီးအတွက်လည်း ကျော်ကျော်ရဲ့ ဟာသဗီဒီယိုဖိုင်လေးကို ခွီနိုင်အောင် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်.။
Source: Kyaw Naing Oo’s Facebook