ပရိသတ်တွေ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်မျိုးတွေ မတပ်ကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ ခရစ္စတီးနား

Posted on

တစ်ချိန်က ရုပ်ရှင်ဗွီဒီယိုဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခရစ္စတီးနားဟာ ဇာတ်ကားတိုင်းရဲ့ လူကြိုက်အများဆုံး မင်းသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ အနုပညာလောကမှာ အနည်းငယ်ပျောက်ကွယ်နေခဲ့ပေမယ့် ပရိသတ်များနဲ့ ရင်းနှီးမှု ပြတ်မသွားဘဲ ရှိခဲ့ပါတယ်။ မီဒီယာများရဲ့ အင်တာဗျူးများကိုလည်း သေသေချာချာလေး ဖြေဆိုပေးခဲ့ပါတယ်။

ခရစ္စတီးနားက မီဒီယာများရဲ့ အင်တာဗျူးများကို မေးသမျှ ရိုးသားစွာ ဖြေဆိုခဲ့ပေမယ့် ပရိသတ်များ အထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်များနဲ့ တင်နေကြတာကြောင့် နောက်နောင် မပြုကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ခရစ္စတီးနားက “မီဒီယာမောင်နှမများကို ချစ်ခင်လေးစားမှု့နဲ့ဘယ်နေရာရောက်ရောက် မေးသမျှကိုရိုးသားစွာအမှန်အတိုင်းဖြေပါတယ်!!! ဒါပေမယ့် ကိုယ်ရိုးရှင်းစွာပြောလိုက်တဲ့ အကြောင်းအရာလေးတွေကို ကိုယ့်ကိုချစ်တဲ့ပရိတ်သတ်တွေအထိတ်တလန့်ဖြစ်စေမယ့် ခေါင်းစဉ်မျိုးတွေတပ်ပြီး တော့မတင်စေချင်ပါ!!!! စစ်မှန်သောအနုပညာချပြရုံမှလွဲပြီး တခြားဘယ်လိုအကြောင်းအရာမျိုးနဲ့မှလည်းပရိတ်သတ်ရဲ့ Attention ကိုမလိုချင်ပါ….နောက်နောင်အင်တာဗျုးထဲမပါသော စကားလုံးများနဲ့ မဆီမဆိုင်ခေါင်းစဉ်မတင်ဖို့ မီဒီယာမောင်နှမများကို request လုပ်ပါရစေ !!!!!! (CB မှဂရုတစိုက်လာမေးကြသောချစ်ပရိတ်များကိုကျေးဇူးတင်ပါတယ်) Harassment ရဲ့အဓိပါယ်ကိုလဲ အဘိဓာန်နဲ့တကွရှင်းပြပေးလိုက်ပါတယ် !!!!” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ (၃၀) ရက်နေ့ ညပိုင်းက ရေးသားခဲ့ပါတယ်။

ခရစ္စတီးနားရဲ့ မီဒီယာမောင်နှမများအပေါ် ရိုရိုသေသေနဲ့ မေတ္တာရပ်ခံချက်အပေါ် သဘောကျကျေနပ်တယ်ဆိုရင် like and share ခဲ့နော်။

 

Source : Crist Ayemyat Fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.