ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကို ချစ်ကြတဲ့ပရိသတ်တွေအတွက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ငယ်ငယ်က မော်ဒယ်အဖြစ် ရှိုးလျှောက်စဉ်က အမှတ်တရ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
ထိုပုံလေးက ပန်းသတင်းကုမ္ပဏီဖက်ရှင်ပြပွဲမှာ စိုင်းစိုင်းတစ်ယောက် အိသန္တာဇော်နဲ့ ရှိုးအတူတူလျှောက်ခဲ့တာဖြစ်ပြီး Fashion Magazine ရဲ့ ၁၉၉၈ ခုနှစ် ဧပြီလထုတ် စာအုပ်မှာ ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ထိုခေတ်ရဲ့ ဖက်ရှင်စတိုင်လ်အရ စိုင်းစိုင်းခမ်းလှိုင်ကို ကျန်ကျောင်းဝတ်စုံနဲ့ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေက မမြင်ဖူးတဲ့သူတွေ ကြည့်ရအောင် ပရိသတ်တစ်ယောက်က ပြန်လည်ရှာဖွေပြီး မျှဝေထားတာ ဖြစ်ပါတယ်။
စိုင်းစိုင်းကတော့ အခုလက်ရှိမှာ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကို ကျော်သူ၊ ပိုးမမှီသာတို့နဲ့အတူတူ သရုပ်ဆောင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း အခုဖော်ပြပေးခဲ့တဲ့ စိုင်းစိုင်းရဲ့ ပုံလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။
Source: Myo Nay Hnine’s fb
ခရက်ဒစ် momolay