ပရိသတ်တွေ မမြင်ဖူးလောက်ေ သးတဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က သူမတို့မိသားစုရဲ့ အမှတ်တရဓာတ်ပုံလေးကို မျှဝေပေးလာတဲ့ ပန်းရောင်ခြယ်

Posted on

အဆိုတော်ကြီး ဂရေဟမ်ရဲ့ချစ်မဝတဲ့သမီးကြီး ပန်းရောင်ခြယ်ကတော့ ဆံနွယ်ရှည်ကြီးတွေနဲ့ မဟာဆန်တဲ့အလှတရားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ လူလေးလှသလို ချိုအေးလွန်းတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်ကတော့ အဆိုတော်တစ်ယောက်အဖြစ်သာမက အခုဆိုရင် ဇာတ်လမ်းတွဲတွေမှာပါ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နာမည်လေးနဲ့ လိုက်အောင် ချစ်စရာကောင်းလွန်းတဲ့ ပန်းရောင်ခြယ်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါတယ်။

ဒီကနေ့မှာတော့ ပန်းရောင်ခြယ်က သူမတို့ မိသားစုလေးရဲ့ အရင်က အမှတ်တရပုံရိပ်လေးတစ်ခုကို မျှဝေပေးလာပါတယ်။ ပန်းရောင်ခြယ်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သူမတို့ မိသားစုရဲ့ အမှတ်တရ ဓာတ်ပုံလေးကို မျှဝေထားတာဖြစ်ပြီး ထိုဓာတ်ပုံထဲမှာ ပန်းရောင်ခြယ်က ဘာမှပြောင်းလဲသွားခြင်းမရှိပေမယ့် ပန်းသွန်းခြယ်ကတော့ သိသိသာသာ ပြောင်းလဲသွားခဲ့တာကို ပရိသတ်ကြီး မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်တို့ မိသားစုလေးကတော့ ဒီနေ့ဒီအချိန်ထိတိုင် သွားအတူ စားအတူနဲ့ စည်းစည်းလုံးလုံးရှိတာ အားကျစရာပါပဲနော်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်တို့ မိသားစုဓာတ်ပုံလေးကို ကြည့်ရလို့ ကျေနပ်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Pan Yaung Chel’s fb

zawwgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.