စကားပြောရင် သဲဆိုပြီး ချစ်စရာကောင်းအောင် ပြောတတ်တဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ပြစ်ရက်စရာမရှိတဲ့ မျက်နှာဖူးဖူးလေးကို ပိုင်ဆိုင်ထားသူလေးတစ်ဦးပါ။ အမြဲလိုလို အလှပုံရိပ်လေးတွေ ဝေမျှပေးလေ့ရှိတဲ့ စံရတီမိုးမြင့်လေးကတော့ လတ်တလောမှာလည်း ပရိသတ်တွေ မမြင်ဖူးလောက်သေးတဲ့ သူမငယ်ငယ်က ချစ်စရာပုံလေးတစ်ပုံကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ငယ်ငယ်လေးကတည်းက အရမ်းချစ်စရာကောင်းတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြတာပါနော်။
ချစ်ပရိသတ်တွေအတွက် ငယ်ငယ်တုန်းက အရမ်းကို ချစ်ဖို့ကောင်းတဲ့ စံရတီမိုးမြင့်ရဲ့ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
စံရတီမိုးမြင့်ကတော့ ငယ်ငယ်ကတည်းက တကယ့်အချောလေးနော်…။
စံရတီမိုးမြင့်ကတော့ အဆိုပါပုံရိပ်လေးကို မနေ့ညက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အလှအပနဲ့ ကျန်းမာရေးကို လိုက်စားတဲ့ စံရတီမိုးမြင့်လေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေ ထိန်းစားတဲ့အပြင် Gym လည်း ပုံမှန်ကစားလေ့ရှိပါတယ်။
တကယ့်ကို လှပသော မိန်းမပျိုလေးအဖြစ် အရွယ်ရောက်လာတာပဲနော်…။
မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာပါ။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ စံရတီမိုးမြင့်ရဲ့ အချစ်ရေးကတော့ ငြိမ်သက်နေပြီး၊ အိမ်ထောင်ဖက်ကိုလည်း သေချာစဉ်းစားရွေးချယ်သွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။ချစ်ပရိသတ်တွေလည်း ငယ်ငယ်ကတည်းက အရမ်းလှတဲ့ ချစ်စရာကောင်မလေး စံရတီမိုးမြင့်ကိုချစ်ရင် သူမရဲ့ပုံလေးတွေကို ဝေမျှသွားကြပါဦးနော်။
Source:San Yati Moe Myint’s Fscebook
ခရက်ဒစ် မိုမိုလေး