ပရိသတ်တွေ မထင်မှတ်ထားရလောက်အောင် လူတွေကြားထဲမှာ ဇနီးဖြစ်သူရဲ့ခြေပတ်ကို သွားနဲ့ကိုက်ဖြုတ်ပေးခဲ့တဲ့ Justin Bieber






ခရက်ဒစ် momolay

အချစ်ဆိုတာ ဆန်းကြယ်တဲ့အရာတစ်ခုဖြစ်ပြီး၊ ဖူးစာကတော့ ပိုလို့ ဆန်းကြယ်တယ်ဆိုတဲ့အကြောင်းကို ပြသခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် Justin Bieber နဲ့ မော်ဒယ်မလေး Hailey Baldwin တို့ ဇနီးမောင်နှံကတော့ သူငယ်ချင်းအဖြစ်မှ ဘဝလက်တွဲဖော်အဖြစ်သို့ ရောက်ရှိသွားခဲ့ကြတာပါ။ ချစ်မိပြီဆိုမြှဖင့် ရူးရူးမူးမူးဆိုသလို Justin Bieber ကတော့ ချစ်ဇနီးလေး Hailey ကို ငုံထားမတတ်ချစ်ကြောင်း သက်သေပြလိုက်ပြန်ပါပြီ။

ချစ်ပရိသတ်တွေအတွက် ထင်မှတ်မထားလောက်အောင် အချစ်ကြီးတဲ့ Justin Bieber ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါအကြောင်းအရာကတော့ Justin က ဒီနေ့လေးမှာ ဇနီးသည်ရဲ့ ခြေပတ်ကို လူကြားထဲမှာတောင်မမှုပဲ သွားနဲ့ကိုက်ဖြုတ်ပေးခဲ့တဲ့ ပုံလေးကို တင်ထားခဲ့လို့ပဲ ဖြစ်ပါတယ်။ Justin Bieber ရဲ့ပရိသတ်တွေကတော့ အခုလို ဇနီးသည်ကိုတန်ဖိုးထားကြောင်း ပြသခဲ့တဲ့ Justin ရဲ့အပြုအမူကြောင့် အရမ်းကို အံ့အားသင့်နေကြတာပါနော်။

ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ မင်းသမီးချောလေး ချစ်စနိုးဉီးရဲ့မင်္ဂလာဖိတ်စာ
အချစ်ခံရဖို့ ထိုက်တန်တဲ့ မိန်းကလေး Hailey နဲ့ ချစ်တတ်လွန်းသူကြီး Justin Bieber တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ အရမ်းကို အားကျဖို့ကောင်းလှပါတယ်နော်။

အဆိုတော် Justin Bieber နဲ့ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) ရက်နေ့က ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ကြားပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း Justin Bieber နဲ့ Hailey Bieber တို့ ဇနီးမောင်နှံနှစ်ယောက် နောင်နှစ်ပေါင်းများစွာ အချစ်တွေအပြည့်နဲ့ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source;Justin Bieber’s Instagram
ခရက်ဒစ် momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.