ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ နိုင်ငံကြီးသားပီသတဲ့ ပိုင်တံခွန် ရဲ့အပြုအမူတစ်ခု

Posted on

ထိုင်နိုင်ငံမှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ Fan Meeting ကို ရောက်ရှိနေတဲ့ နှုတ်ခမ်းနီမလေးတွေ ရဲ့အသဲစွဲ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဟာဆိုရင် ချစ်ရတဲ့ ထိုင်း Fan တွေရဲ့ အားပေးမှုများစွာရရှိထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ နိုင်ငံကြီးသားပီသတဲ့ ပိုင်တံခွန် ရဲ့အပြုအမူတစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်းက လက်ရှိမှာ သူ့ကို အားပေးတဲ့ ထိုင်းနိုင်ငံမှ Fan များကို သွားတွေ့ပြီ Fan Meeting လုပ်ခဲ့တာပါ။ ထိုင်းပရိသတ်တွေ ရဲ့ အားပေးကြမ်းမှုကြောင့် ပိုင်တံခွန်ကအရမ်းကိုကျေနပ်နေတာပဲဖြစ်ပါတယ်။ပိုင်တံခွန်က မီဒီယာများစွာအလယ်မှာ သူ့ရဲ့ ထိုင်းပရိသတ်တွေကို သီချင်းလေးကို သီဆိုပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခုတ်ဩဘာသံများဆူညံနေခဲ့တာပါ။

ဒီတစ်ခါမှာတော့ ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ နိုင်ငံကြီးသားပီသတဲ့ ပိုင်တံခွန် ရဲ့အပြုအမူတစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံ မှ ဗုဒ္ဓဘာသာ ဝင်ပီပီ ထိုင်းနိုင်ငံမှာရှိတဲ့ ဘုရားတစ်ဆူကို ဖူးမျှော်ခဲ့ရာ ဘုရားပေါ်မှာ တစ်ခြားသောသူများက ဖိနပ်စီးပြီး ဘုရားကန်တော့ကြပေမယ့် ပိုင်တံခွန်က သူရဲ့ စီးလာတဲ့ ဖိနပ်နဲ့ ခြေအိတ် ကိုပါချွတ်ပြီး ကန်တော့ ခဲ့တာကြောင့် သူ့ရဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန် ရဲ့ နိုင်ငံကြီးသားပီသတဲ့ အပြုအမူလေးတွေကြောင့် သူ့ရဲ့ ပရိသတ်တွေက အချစ်ပိုတိုးစေခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;paing takhon
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.