“ပရိသတ်တွေရှေ့ ရုပ်တည်နေတတ်သူ ချစ်သူ ရဲရင့်အောင်ရဲ့ နောက်ကွယ်က အမူအကျင့်လေးတွေကို ချပြလာတဲ့ ဧငြိမ်းဖြူရဲ့ ဗီဒီယိုဖိုင်”
Posted on
unicode
ပရိသတ်ကြီးရေ ဆယ်လီစုံတွဲလေးတွေထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်နဲ့ မင်းသမီးချော ဧငြိမ်းဖြူတို့အတွဲလေးကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ အတွဲလေးကတော့ အမြဲတစ်ယောက်အကြိုက်တစ်ယောက်လိုက်ကာ ရိုးရှင်းစွာ နေတတ်တဲ့ အတွဲလေးလို့ ဆိုရင်လည်း မမှားပါဘူးနော်.။
နှစ်ယောက်တွေ့တဲ့အချိန်လေးတွေမှာ ရယ်မောစရာလေးတွေနဲ့ ပျော်နေတဲ့ ပုံရိပ်လေးတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေတင်လေ့ရှိပြီး နှစ်ယောက်လုံးဟာ သူတို့ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကိုလည်း ပွင့်လင်းစွာချပြထားကာ ပရိသတ်တွေရဲ့ သဘောတူညီမှုတွေကို ရရှိထားတဲ့ အတွဲလေးပါပဲနော်.။ ဧငြိမ်းဖြူလေးက ချစ်သူ ရဲရင့်အောင်ရဲ့ အကြောင်းလေးတွေနဲ့ အတူဆော့ထားတဲ့ Tik Tokလေးတွေကို တင်လေ့ရှိပြီး ဒီနေ့ ဇူလိုင်လ (၃၁)ရက်နေ့မှာလည်း ချစ်သူ ရဲရင့်အောင်တစ်ယောက် သူမရဲ့အိတ်လေးကို လွယ်ကာ ရယ်စရာလုပ်ပြနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်။.
ဧငြိမ်းဖြူကတော့ ပရိသတ်တွေရှေ့ ရုပ်တည်နဲ့ နေတတ်တဲ့ ချစ်သူ ရဲရင့်အောင်ရဲ့ နောက်ကွယ်က ရယ်မောစရာတွေကို လုပ်တတ်တဲ့ အမူအကျင့်လေးတွေကို ချပြလာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း ရဲရင့်အောင်ရဲ့ ချစ်သူဧငြိမ်းဖြူပျော်အောင် ရယ်စရာလုပ်ပြနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: A Nyein Phyu’s Facebook
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.