



 

Source: Hlwan Paing’s fb


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေမျှော်နေတဲ့ ပုံစံမျိုးနဲ့ အမိုက်စားပြန်လည်ရောက်ရှိလာတဲ့ လွှမ်းပိုင်ရဲ့ Stay Home Burmese Rap Challenge …

လူငယ်ကြိုက်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်က ဒုံးပျံ၊ ဂီတစာဆို၊ ဂီတဗေဒဆိုတဲ့ အယ်လ်ဘမ်တွေကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ထားတာ ဖြစ်ပါတယ်။ လွှမ်းပိုင်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတဲ့ပေမယ့် ဂီတဘက်မှာလည်း မလစ်ဟင်းရအောင် သီချင်းတွေ ပုံမှန်ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါကြောင့် မြန်မာနိုင်ငံက Rapper တွေက (၈)ဘားနှင့်အထက် Rap ရွတ်ပြကာ တစ်ယောက်နဲ့တစ်ယောက် Challenge ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့ Stay Home Burmese Rap Challenge ကတော့ ပရိသတ်တွေမြင်ချင်တဲ့ အရင်က သူ့ရဲ့ပုံစံကို ပြန်လည်မြင်ရစေပြီး စာသားတစ်ကြောင်းလုံးစီကလည်း အရမ်းကို ထိမိလွန်းတာကြောင့် ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

လွှမ်းပိုင်ရဲ့ Stay Home Burmese Rap Challenge ကတော့ ကြားရသူတိုင်း ကြက်သီးမွှေးညှင်းတွေထသွားစေတဲ့အထိ အရမ်းကို မိုက်လွန်းပါတယ်။ လွှမ်းပိုင်ကတော့ နောက်ထပ်ဘယ်သူ့ကိုမှ Challenge ထပ်မခေါ်ထားတဲ့အတွက် ဘယ်သူတွေ Stay Home Burmese Rap Challenge မှာ ပါဝင်လာဦးမလဲ စောင့်ကြည့်ပေးဦးနော်။

Source: Hlwan Paing’s fb

Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.