ပရိသတ္ေတြအားက်ရေလာက္တဲ့အထိ ေတာင္ကိုရီးယားထိပ္တန္းမင္းသား Park Seo Joon နဲ႔ နီးနီးကပ္ကပ္ရွိခဲ့တဲ့ အမွတ္တရေလးကို ခ်ျပလာတဲ့ ေမျမတ္ႏိုး

Posted on

Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးကတော့ သူမရရှိထားတဲ့ သရဖူဘွဲ့ကို ပြန်လည်အပ်နှံခဲ့ရပေမယ့် အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မေမြတ်နိုးက (၂၀၁၆) ခုနှစ်မှာလည်း နာမည်ကြီးတီဗီရှိုးအစီအစဉ်ဖြစ်တဲ့ Asia’s Next Top Model ပြိုင်ပွဲမှာလည်း အပိုင်း (၇) အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ ထိပ်တန်းမော်ဒယ်လ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ကို အနုပညာနဲ့ မြှင့်တင်ပေးနေတဲ့ မေမြတ်နိုးက မနေ့က အောက်တိုဘာလ (၂၈) ရက်နေ့မှာလည်း ပရိသတ်တွေကို ကြီးကြီးမားမား Surprise တစ်ခု တိုက်ခဲ့ပါတယ်။

မေမြတ်နိုးက တောင်ကိုရီးယားနိုင်ငံက နာမည်ကြီးမင်းသား Park Seo Joon နဲ့ ကြော်ငြာတစ်ခုကို အတူတူရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေမြတ်နိုးက Park Seo Joon နဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ ပုံရိပ်ကိုချပြပြီး ” ကျွန်မကို အရမ်းချစ်ပြီး ဝမ်းသာဂုဏ်ယူကြောင်းပြောပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေပေးပို့တဲ့ မတ်ဆေ့ချ်တွေတစ်ခုချင်းစီတိုင်းကို စာပြန်ပေးဖို့ကြိုးစားနေပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

မေမြတ်နိုးကတော့ စင်္ကာပူအခြေစိုက် သူမရဲ့ Model Agency မှ Placement Model အနေနဲ့ စေလွှတ်ခဲ့တာကြောင့် ကိုရီးယားနိုင်ငံမှာ မော်ဒယ်လ်တစ်ယာက်အနေနဲ့ လုပ်ကိုင်ဖို့ ရောက်ရှိနေတာ လအနည်းငယ်ကြာပြီးနောက် အခုလို Park Seo Joon နဲ့ ကြော်ငြာထွက်ရှိလို့လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကံကောင်းသူလေး မေမြတ်နိုးကို အားကျနေကြမယ်လို့ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Myat Noe’s fb

zawgyi

Miss Asia Pacific World 2014 ဆုရွင္ ေမျမတ္ႏိုးကေတာ့ သူမရရွိထားတဲ့ သရဖူဘြဲ႕ကို ျပန္လည္အပ္ႏွံခဲ့ရေပမယ့္ အႏုပညာေလာကရဲ႕ ေတာက္ပတဲ့ ၾကယ္ပြင့္တစ္ပြင့္အျဖစ္ ဆက္လက္ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေမျမတ္ႏိုးက (၂၀၁၆) ခုႏွစ္မွာလည္း နာမည္ႀကီးတီဗီရႈိးအစီအစဥ္ျဖစ္တဲ့ Asia’s Next Top Model ၿပိဳင္ပြဲမွာလည္း အပိုင္း (၇) အထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ႏိုင္ငံတကာက အသိအမွတ္ျပဳျခင္းခံခဲ့ရတဲ့ ထိပ္တန္းေမာ္ဒယ္လ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ႏိုင္ငံ့ဂုဏ္ကို အႏုပညာနဲ႔ ျမႇင့္တင္ေပးေနတဲ့ ေမျမတ္ႏိုးက မေန႔က ေအာက္တိုဘာလ (၂၈) ရက္ေန႔မွာလည္း ပရိသတ္ေတြကို ႀကီးႀကီးမားမား Surprise တစ္ခု တိုက္ခဲ့ပါတယ္။

ေမျမတ္ႏိုးက ေတာင္ကိုရီးယားႏိုင္ငံက နာမည္ႀကီးမင္းသား Park Seo Joon နဲ႔ ေၾကာ္ျငာတစ္ခုကို အတူတူ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေမျမတ္ႏိုးက Park Seo Joon နဲ႔ နီးနီးကပ္ကပ္ရွိေနတဲ့ ပုံရိပ္ကိုခ်ျပၿပီး ” ကြၽန္မကို အရမ္းခ်စ္ၿပီး ဝမ္းသာဂုဏ္ယူေၾကာင္းေျပာေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို အရမ္းေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြေပးပို႔တဲ့ မတ္ေဆ့ခ်္ေတြတစ္ခုခ်င္းစီတိုင္းကို စာျပန္ေပးဖို႔ႀကိဳးစားေနပါတယ္ရွင္” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာတာပဲ ျဖစ္ပါတယ္။

ေမျမတ္ႏိုးကေတာ့ စကၤာပူအေျခစိုက္ သူမရဲ႕ Model Agency မွ Placement Model အေနနဲ႔ ေစလႊတ္ခဲ့တာေၾကာင့္ ကိုရီးယားႏိုင္ငံမွာ ေမာ္ဒယ္လ္တစ္ယာက္အေနနဲ႔ လုပ္ကိုင္ဖို႔ ေရာက္ရွိေနတာ လအနည္းငယ္ၾကာၿပီးေနာက္ အခုလို Park Seo Joon နဲ႔ ေၾကာ္ျငာထြက္ရွိလို႔လာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ကံေကာင္းသူေလး ေမျမတ္ႏိုးကို အားက်ေနၾကမယ္လို႔ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Myat Noe’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.