ပရိသတ်တွေမျက်စိရှေ့မှာတင်ပဲ အရွယ်ရောက်လာခဲ့ပြီး ဒီကနေ့မှာ အသက် (၂၁) နှစ်တိတိပြည့်ခဲ့ပြီဖြစ်တဲ့ အကယ်ဒမီ ယွန်းယွန်း
Posted on
အဘွားဖြစ်သူကြောင့် အနုပညာလောကထဲ ဝင်ရောက်လာပြီး ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ ယွန်းယွန်းကတော့ သူမရဲ့ ငယ်ဘဝမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သရုပ်ဆောင်ထူးချွန်တဲ့ ယွန်းယွန်းက (၂၀၁၂) ခုနှစ်မှာပဲ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားမှာ နှစ်ကိုယ်ခွဲကလေးသရုပ်ဆောင် ကာရိုက်တာနဲ့ ကလေးသရုပ်ဆောင် အကယ်ဒမီအထူးဆုကြီးကို ဆွတ်ခူးရရှိထားနိုင်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်သလို ပညာရေးမှာလည်းထက်မြက်တဲ့ ယွန်းယွန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူး (၂) ဘာသာနဲ့ အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို လေ့လာဆည်းပူးနေတာပဲ ဖြစ်ပါတယ်။
ကလေးသရုပ်ဆောင်အဖြစ်ကနေ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာခဲ့တဲ့ ယွန်းယွန်းက ဒီကနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ သူမရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့ကို ကျရောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ အသက်နှစ်ဆယ်ကျော် လှသွေးကြွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပြီး သူမရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ရင်း ယနေ့ထိတိုင် အနုပညာလောကမှာ ကျင်လည်နေဆဲ ြဖ်စပါတယ်။
ယွန်းယွန်းကတော့ ဒီကနေ့မှာပဲ အသက် (၂၁) နှစ်တင်းတင်းပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းယွန်းရဲ့ မွေးနေ့လေးအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Yoon Yoon ‘s fb
zawgyi
Source: Yoon Yoon ‘s fb
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.