ပရိသတ်တွေမသိ‌သေးတဲ့ ဟဲလေးနဲ့ အမှတ်တရလေးဈေတွကို သတိတရနဲ့ ချပြလိုက်တဲ့ မိုးမိုး …

Posted on






ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေမသိ‌သေးတဲ့ ဟဲလေးနဲ့ အမှတ်တရလေးတွေကို သတိတရနဲ့ ချပြလိုက်တဲ့ မိုးမိုး …

ပရိသတ်တွေရင်ထဲထိစေမယ့် အမိုက်စားသီချင်းတွေကို ကိုယ်တိုင်ရေးပြီကိုယ်တိုင်သီဆိုလေ့ရှိတဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မိုးမိုးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိုးမိုးရဲ့ သီချင်းတွေကတော့ အခုအချိန်ထိကို လူငယ်လူလတ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတွေဆိုလည်း မမှားလောက်ပါဘူးနော်။ သူဟာဆိုရင် ချစ်ခင်ယုယတတ်တဲ့ ဇနီးချောလေးနဲ့ သားတစ်ယောက်သမီးတစ်ယောက်တို့နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

မိုးမိုးကတော့ ရောဂါကပ်ဆိုးတွေကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားရင်း မိသားစုနဲ့ပဲ အချိန်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မိုးမိုးက”အငြိမ့်ကစဉ်အခါက ကိုကိုဟဲနဲ့ အမှတ်တရတွေကို ” လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေမမြင်ဖူးသေးတဲ့အမှတ်တရတချို့ကို သတိရကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မိုးမိုးနဲ့ ဟဲလေးတို့ ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကကော မိုးမိုးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Source….Moe Moe’s Facebook

Angella(CeleConnections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.