“ပရိသတ်တွေမသိသေးတဲ့ မာလာရှမ်းကောဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို ပြောပြလာတဲ့ ကိုပေါက်နဲ့ ကျော်ကျော်ဗိုတို့ရဲ့ ဗီဒီယိုဖိုင်”

Posted on

ပရိသတ်ကြီးရေ ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်..။ ကိုပေါက်ကတော့ ဖြစ်ချင်တဲ့ ဒါရိုက်တာဖြစ်ဖို့အတွက် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သရုပ်ဆောင် တစ်ယောက်အနေနဲ့ရော ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်..။

ကိုပေါက်ကတော့ Covid ကာလအတွင်းမှာ ပျော်ရွှင်စေမယ့် ဟာသဗီဒီယိုအတိုလေးတွေကို ရိုက်ကူးပြီး ပရိသတ်တွေအတွက် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ပျော်ရွှင်စေတဲ့ ဟာသဗီဒီယိုအတိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုရရှိခဲ့ပြီး လတ်တလောမှာတော့ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်းတို့နဲ့အတူတူ ကလော၊ တောင်ကြီးကို ဆိုက်ကယ်နဲ့အတူတူ ခရီးဆက်နေကြတာပဲဖြစ်ပါတယ်.။ ဒီနေ့သြဂုတ်လ (၂)ရက်နေ့မှာတော့ ကိုပေါက်က ကျော်ကျော်ဗိုနဲ့အတူတူ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို “#မာလာရှမ်းကော ရဲ့သမိုင်းကြောင်းကို စတင်ရှာဖွေတွေ့ရှိခဲ့သူနှစ်ဦး” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

လူကြိုက်များတဲ့ မာလာရှမ်းကော စတင်ဖြစ်ခဲ့ပုံလေးအကြောင်းကို ဟာသနှောကာ ပြောပြလာခဲ့တဲ့ ကိုပေါက်နဲ့ ကျော်ကျော်ဗိုတို့ကတော့ တကယ်ကို ပေါက်ပေါက်ရှာရှာ ပြောတတ်တဲ့ နှစ်ယောက်ပါပဲနော်…ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း ကိုပေါက်နဲ့ ကျော်ကျော်ဗိုတို့ရဲ့ မာလာရှမ်းကော ရဲ့ သမိုင်းကြောင်းကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source: Aung Min Naing’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.