ပရိသတ္ေတြမသိခဲ့တဲ့ သူ႔ရဲ႕ သီခ်င္းေဟာင္းေလးတစ္ပုဒ္အေၾကာင္း အမွတ္တရေျပာျပလာတဲ့ ေနတိုး …

Posted on

ႏိုင္ငံေက်ာ္ မင္းသားေခ်ာ ေနတိုးက ငယ္စဥ္ ေမာ္ဒယ္စလုပ္စဥ္ကတည္းက ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ၿပီး တစ္ျဖည္းျဖည္း နာမည္ႀကီးလာရာမွ အခုဆိုရင္ ႏိုင္ငံေက်ာ္မင္းသားတစ္ဦးအျဖစ္ ေအာင္ျမင္ေနသူ တစ္ဦးျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားျဖစ္တဲ့ ေနတိုးက အကယ္ဒမီဆုႀကီး (၃) ဆုတိတိကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို လက္မလည္ေအာင္ ႐ိုက္ကူးေနရတာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေနတိုးက သူအႏုပညာေလာကထဲ ဝင္ကာစ လူသိပ္မသိေသးတဲ့ သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈတစ္ခုအေၾကာင္းကို ေျပာျပလာပါတယ္။

“လြန္ခဲ့ေသာ ၁၆ ႏွစ္ေက်ာ္ 2004 ခုႏွစ္ေလာက္ကေပါ့။ ညီတိုး ဆိုတဲ့နာမည္ကေန ေနတိုး ဆိုၿပီးစေျပာင္းခါစအခ်ိန္တစ္ခုကပဲဆိုပါေတာ့။ ဒီ Rock သီခ်င္းေလးကိုဆိုခဲဖူးတယ္။ ကြၽန္ေတာ္ပရိသတ္မ်ားထဲမွာ နားေထာင္ဖူးတဲ့ပရိသတ္ မရွိသေလာက္ရွားမယ္ထင္ပါတယ္။ ဒီသီခ်င္းကိုနားေထာင္ခ်င္တဲ့ ကြၽန္ေတာ့္ပရိသတ္မ်ားလဲရွိမယ္ထင္ပါတယ္။ နားေထာင္ဖူးတဲ့ပရိသတ္မ်ားရွိသည္ျဖစ္ေစမရွိသည္ျဖစ္ေစ တခုခုေတာ့ေျပာခဲ့ပါ အားလုံးကိုေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။” ဆိုၿပီး ေျပာထားပါတယ္။

ေနတိုးရဲ႕ အမာခံပရိသတ္တစ္ေယာက္ဆိုရင္ေတာင္ ဒီသီခ်င္းေလးကို သိဖို႔က ခဲ့ယဥ္းပါတယ္ေနာ္။ တကယ္လို႔ ပရိသတ္ႀကီးက လြန္ခဲ့တဲ့ (၁၆)ႏွစ္က ဒီသီခ်င္းေလးကို နားေထာင္ဖူးတယ္ဆိုရင္လည္း အမွတ္တရေတြကို ေျပာခဲ့ၾကပါဦးေနာ္။

Source: Nay Toe’s fb

Bilie – Cele Connections

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေမသိခဲ့တဲ့ သူ့ရဲ့ သီချင်းဟောင်းလေးတစ်ပုဒ်အကြောင်း အမှတ်တရပြောပြလာတဲ့ နေတိုး …

နိုင်ငံကျော် မင်းသားချော နေတိုးက ငယ်စဉ် မော်ဒယ်စလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး တစ်ဖြည်းဖြည်း နာမည်ကြီးလာရာမှ အခုဆိုရင် နိုင်ငံကျော်မင်းသားတစ်ဦးအဖြစ် အောင်မြင်နေသူ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ နေတိုးက အကယ်ဒမီဆုကြီး (၃) ဆုတိတိကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက သူအနုပညာလောကထဲ ဝင်ကာစ လူသိပ်မသိသေးတဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတစ်ခုအကြောင်းကို ပြောပြလာပါတယ်။

“လွန်ခဲ့သော ၁၆ နှစ်ကျော် 2004 ခုနှစ်လောက်ကပေါ့။ ညီတိုး ဆိုတဲ့နာမည်ကနေ နေတိုး ဆိုပြီးစပြောင်းခါစအချိန်တစ်ခုကပဲဆိုပါတော့။ ဒီ Rock သီချင်းလေးကိုဆိုခဲဖူးတယ်။ ကျွန်တော်ပရိသတ်များထဲမှာ နားထောင်ဖူးတဲ့ပရိသတ် မရှိသလောက်ရှားမယ်ထင်ပါတယ်။ ဒီသီချင်းကိုနားထောင်ချင်တဲ့ ကျွန်တော့်ပရိသတ်များလဲရှိမယ်ထင်ပါတယ်။ နားထောင်ဖူးတဲ့ပရိသတ်များရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ တခုခုတော့ပြောခဲ့ပါ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ။” ဆိုပြီး ပြောထားပါတယ်။

နေတိုးရဲ့ အမာခံပရိသတ်တစ်ယောက်ဆိုရင်တောင် ဒီသီချင်းလေးကို သိဖို့က ခဲ့ယဉ်းပါတယ်နော်။ တကယ်လို့ ပရိသတ်ကြီးက လွန်ခဲ့တဲ့ (၁၆)နှစ်က ဒီသီချင်းလေးကို နားထောင်ဖူးတယ်ဆိုရင်လည်း အမှတ်တရတွေကို ပြောခဲ့ကြပါဦးနော်။

Source: Nay Toe’s fb

Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.