လက်ရှိမှာ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေမြင့်တက်နေတာကတော့ ကြိမ်နှုန်းဇာတ်ကားဖြစ်ပါတယ်။ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီးကြီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင် နဲ့ ထွန်းအိန္ဒြာဗိုလ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက အားပေးနေကြတာပါ ။တကယ်တမ်းဇာတ်ကားရုံတင်တဲ့အခါ ဇာတ်ကားရဲ့ တည်ဆောက်ပုံ နဲ့ အူဝဲရဲ့ တိုတောင်းလှတဲ့ သရုပ်ဆောင်ခန်းတွေကြောင့် ပရိသတ်တွေက အားမလိုအားမရဖြစ်ခဲ့ကြပြီး လူမှုကွန်ရက်ပေါ်မှာ ပွဲဆူခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ကြိမ်နှုန်း ဇာတ်ကားကို ဝေဖန်နေကြတဲ့သူတွေက နားမလည်လို့ ဝေဖန်နေကြတာပါလို့ ပြောဆိုထားတာပါ။
ဇာတ်လမ်း အနေအထားက အလယ်ကနေ ဖောက်ပြီး ပြလိုက်တဲ့အခါ အခုလို မျိုးတွေဖြစ်လာတာပါ။ ဇာတ်လမ်းအစရော ဇာတ်လမ်းအဆုံးသတ်ကော မထည့်ထားတဲ့အတွက် နောက်ပိုင်း Before Frequency နဲ့ After Frequency ဆိုပြီးရှိတာပါ။ မူရင်း Red Carpet Show မှာကတည်း က အခန်းအရေအတွက်နည်းတာကိုကြိုပြောပေးထားပါတယ်။ ရုပ်ရှင်ကို ကြော်ငြာတဲ့အခါ အူဝဲပုံကို သုံးလိုက်တာကြောင့် ပရိသတ်တွေက အူဝဲအဆုံးသရုပ်ဆောင်ထားတာလို့ထင်သွားတာဖြစ်မယ်လို့ ပြောဆိုထားတာပါ။ အူဝဲကတော့ မှတ်ချက်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံမယ် လို့ ပြောဆိုထားတာကြောင့် ကြိမ်နှုန်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ မှတ်ချက်ပေးခဲ့ကြပါဦး ။
Source – Akonthi
Noe Noe May Ju Ju