ပရိသတ်တွေစိတ်တိုင်းကျ ရွေးပေးထားတဲ့ ဆံပင်အရောင်လေးကို သေချာအလေးထားပြီး ပြောင်းပေးခဲ့တဲ့ ဖွေးဖွေး

Posted on

ပရိသတ်တွေက ဖွေးစိန်လို့ ချစ်စနိုးနဲ့ နာမည်ပေးထားကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးက ကြော်ငြာတွေကနေစပြီး နာမည်ကြီးလာသူတစ်ယောက်ပါ။ အလုပ်အပေါ် ရိုးသားကြိုးစားပြီး အာရုံစိုက်လုပ်ကိုင်တတ်တဲ့ ဖွေးဖွေးက အနုပညာသက်တမ်းဆယ်နှစ်ကျော်အတွင်းမှာ “လက်ပံ”၊ “ကျွန်မက နှင်းဆီပါမောင်”၊ “ရွှေကြာ” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု သုံးဆုတိတိ လက်ဝယ်ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို ရင်ခုန်စွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ ဆံပင်စတိုင်လ်ကို ပြောင်းလဲဖို့အတွက် ပရိသတ်တွေကို အကြံဥာဏ်လေးတစ်ခုတောင်းခဲ့တာကို တွေ့ရပါတယ်။ ဖွေးဖွေးက ပရိသတ်တွေပေးတဲ့ အကြံအတိုင်း သေသေချာချာလေး အလေးထားပြီး စိတ်တိုင်းကျပြောင်းပေးခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ် Story ကနေ တဆင့်ပြသထားတာကို တွေ့ရပါတယ်။

ဖွေးဖွေးကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ အများအပြားကို ပိုင်ဆိုင်ထားသလို သူမရဲ့ ပရိသတ်တိုင်းကိုလည်း အလေးထား တန်ဖိုးထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ စတိုင်လ်အသစ်လေးကို ကြွေနေကြပြီလို့ ထင်ပါတယ်နော်။

Source: Phway Phway’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.