” ပရိသတ်တွေကို Instagramအကောင့် စတင်ဖွင့်လိုက်ပြီ ဖြစ်ကြောင်း ပြောပြလာတဲ့ပန်းသွန်းခြယ်”

Posted on

ပရိသတ်ကြီးရေ ပန်းသွန်းခြယ်ကတော့ နိုင်ငံကျော်ပြည်သူ့အချစ်တော် ဂရေဟမ်ရဲ့ သမီးအငယ်လေးပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အမဖြစ်သူ ပန်းရောင်ခြယ်လို အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်ကာ သီချင်းတွေလည်း စတင်ထွက်ရှိနေပါပြီနော်။

ပန်းသွန်းခြယ်လေးက​လည်း အမနဲ့မတူ တမျိုးလေးဆွဲဆောင်မှုရှိကာ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေလည်းအချစ်ပိုနေရသူပါ။ အမဖြစ်သူပန်းရောင်ခြယ်နဲ့အတူ ကြော်ငြာလေးတွေရိုက်ကူးဖူးတာပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ အဖေနဲ့အမနဲ့ခြေရာကိုလိုက်ကာသီချင်းတွေလည်းထွက်ရှိနေပါပြီနော်။ဒီနေ့မှာလည်း” ပန်းသွန်းပြောဖို့မေ့သွားလို့ပါ။ပန်းသွန်းInstagram Account ဖွင့်လိုက်ပါပြီ ”ဆိုတဲ့စာလေးနဲ့ သူမရဲ့ Instagram အကောင့်လေးကို လူမှု့ကွန်ရက်စာမျက်နှာ My Dayမှာ ဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးထဲမှာလည်း ပန်းသွန်းရဲ့ပရိသတ်တွေရှိရင် ​အမြန်Followလုပ်ဖို့ ပြောပြပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Pan ThunChel

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.