ပရိသတ်တွေကို သူရဲ့ လူမှုကွန်ယက်ပေါ်မှတရားဝင်တောင်းပန်လိုက်တဲ့ Song Joong Ki

Posted on

ယနေ့ ဇွန်လ (၂၇) ရက် မှာ ပရိသတ်တွေချစ်စနိုးနဲ့Song Song Couple လို့ခေါ်ကြတဲ့ Song Joong Ki နဲ့ Song Hye Jyo တို့ ဇနီးမောင်နှ့ဟာ (၁)နှစ်ခွဲကြာ လက်တွဲလာခဲ့ပြီးနောက်မှာ ကွာရှင်းတော့မှာဖြစ်တယ်လို့ Song Joong Ki ရဲ့ Blossom Entertainment မှ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့တဲ့ Descendants of the Sun ဇာတ်ကားရိုက်နေဆဲ ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပေမယ့် မတူညီတဲ့ Personality နဲ့ LifeStyle တွေကြောင့် ကွာရှင်းမှာဖြစ်တယ်လို့သိရပါတယ်။

ယန့ ညပိုင်းမှာတော့ Song Joong Ki မှ သူရဲ့ လှုမှုကွန်ယက်အကောင့်မှ ပရိသတ်ကြီးကို ယခုလို တောင်းပန်ထားတာတွေ့ရပါတယ် မင်းသား Song Joong Ki ထုတ်ဖော်ပြောကြားခဲ့ရာမှာ .. ဒီလို စိတ်မကောင်းစရာသတင်းကို သူ့ရဲ့ Fan တွေကို အသိပေးထုတ်ဖော်ပြောကြားရတာ တောင်းပန်တယ်ဆိုတဲ့အကြောင်း၊

Song Hye Kyo နဲ့ တရားဝင် ကွာရှင်းပြတ်စဲဖို့ကို စတင်လုပ်ဆောင်နေပြီး ဒီသတင်းနဲ့ ပတ်သတ်ပြီး လူသိရှင်ကြား ပြစ်တင်ပြောဆို ရှုတ်ချမှုတွေ မလုပ်ပဲ

သူတို့ရဲ့ personal life ဖြစ်တာမို့ ကွာရှင်းမှုကို အခင်အမင်မပျက် လုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်း၊အနာဂတ်အနုပညာလှုပ်ရှားမှုများမှာ အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်ကြီးကို ပြန်လည်ပေးဆပ်သွားမယ်လို့ သူ၏ Instagram account မှာ ဖော်ပြသွားခဲ့ပါတယ်

ဒီလို တရားဝင်ထုတ်ဖော် ပြောကြားမှုကို Instagram တွင် ခေတ္တသာ တင်ခဲ့ပြီး ပြန်ဖျတ်သွားတာကို တွေ့ရပါတယ်။

ထို့အပြင် သူတို့၏ ကွာရှင်းမှုထင်မြင်ချက်များကို မဟုတ်မမှန် ပြောဆိုမှု သတင်းများ ဖြန့်ဝေမှုကိုလည်း ရပ်တန့်ပေးပါလို့လည်း ဓာတ်ပုံ တစ်ပုံ ဖြင့် ဖော်ပြခဲ့တာ တွေ့ရှိရပါတယ်။ကဲ ပရိသတ်ကြီးတို့လည်း Song Song Couple ရဲ့ သတင်းကြောင့် ဝမ်းနည်းနေမယ်ထင်ပါတယ်။

ဒါပေမယ့်လည်း အမုန်းနဲ့ လမ်းခွဲခဲ့တာ မဟုတ်တဲ့ သူတို့ နှစ်ဦး ရဲ့ရှေ့ဆက်မယ့် အနုပညာလှုပ်ရှားမှုတွေကို ပဲစောင့်ကြည့်အားပေးလိုက်ရအောင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.