ပရိသတ်တွေကို ရင်ခုန်စရာ Update သတင်းလေး ပြောပြဖို့ရှိတယ်လို့ ဆိုတဲ့ နေတိုး

ပရိသတ်တွေချစ်တဲ့ မင်းသားချောနေတိုးက အကယ်ဒမီဆုကြီး သုံးဆုတိတိကို ပိုင်ဆိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံရတဲ့ မင်းသားတစ်လက်ပါပဲ။

ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ နေတိုးက ယခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ နေတိုးက အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း ချစ်ရတဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ နေတိုးက ပရိသတ်တွေကို ရင်ခုန်စရာ သတင်းစကားလေး ပါးထားပါတယ်။ “ကျွန်တော်ချစ်သောကျွန်တော့်ကိုချစ်ကြသောပရိသတ်များကို update သတင်းလေးတခုပြောပြဖို့ အသိပေးဖို့ရှိပါတယ်ခင်ဗျာ….မနက်ဖြန် 1.7.19 ရက်နေ့ live လွှင့်ပြောပြပါမယ်ခင်ဗျာ …ရင်ခုန်ခြင်းများစွာဖြင့်…..နေတိုး” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောထားပါတယ်။

နေတိုးပြောမယ့် သတင်းကတော့ သတင်းကောင်းလေးဖြစ်မယ်လို့ ထင်ရပါတယ်။ တချို့သောပရိသတ်တွေကလည်း နေတိုးတစ်ယောက် အိမ်ထောင်ပြုဖို့ ပြောမလားဆိုပြီး ထင်ကြေးပေးနေကြတာကို တွေ့ရပါတယ်။

နေတိုးကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး မကြာခင်မှာလည်း “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်တို့နဲ့အတူတူ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

နေတိုးကတော့ ပရိသတ်တွေ ရင်ခုန်ရအောင် လုပ်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးပြောမယ့် သတင်းကောင်းလေးက ဘာများဖြစ်မလဲ စောင့်မျှော်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.