ပထမဦးဆုံးပွဲဦးထွက် ဇာတ်လမ်းတွဲအတွက် အုပ်စိုးခန့်ရဲ့ ရင်ခုန်သံ

Posted on

ပရိသတ်ကြီးရေ အိပ်မက်တွေမိုးထားတဲ့အိမ် ဆိုတဲ့ ဇာတ်လမ်းတွဲ ကို၂၀၁၉ အောက်တိုဘာလမှစတင်ပြီး ရိုက်ကူးသွားပါတော့မယ်လို့ သိရပါတယ်။ အဆိုပါဇာတ်လမ်းတွဲလေး ဟာ အားလုံးက ချစ်ကြတဲ့ အုပ်စိုးခန့်ရဲ့ပထမဦးဆုံး ပွဲဦးထွက် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

တေးသံချိုချိုလေးတွေကိုပဲ ဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက် သရုပ်ဆောင်လိုင်းဘက်ကို ကူးပြောင်းလာခဲ့ပါပြီ။ အုပ်အုပ် ကတော့သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို လူမှုကွန်ရက် စာမျက်နှာကနေပြောပြထားတာပါ။

အုပ်စိုးခန့်က ”အိပ်မက်တွေမိုးထားတဲ့အိမ် ကျနော့်ရဲ့ပထမဦးဆုံး ဇတ်လမ်းတွဲကို ယုံကြည်စွာခေါ်ယူပေးတဲ့ media(7)မှ အကိုရွှေမန်း Wai Minn Maung နဲ့အဖွဲ့သားများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာကြိုးစားပီးသရုပ်ဆောင်ပါ့မယ်လို့ဂတိပေးပါတယ်နော်။ကွေကာအုပ်တို့အားပေးကြပါအုံး ”လို့ရေးသားထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း အုပ်စိုးခန့်အတွက် ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါနော်။

Source – Oat Soe Khant

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.