Myanmar Idol Season (3) ရဲ႕ Winner တစ္ေယာက္ျဖစ္တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ၿပိဳင္ပြဲမွာ Winner ဆုႀကီးရရွိၿပီးေနာက္ အႏုပညာ လမ္းေၾကာင္းေပၚကို ေရာက္ရွိလို႔လာခဲ့တာ ျဖစ္ပါတယ္။
အက္စတာေဒါ့သ္ခ်င္းဆုန္ကေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းေတြကို အဆက္မျပတ္ဖန္တီးေနၿပီး မ႐ိုးႏိုင္တဲ့ ဂီတလႈပ္ရွားမႈေတြကို ခ်ျပဖို႔ ႀကိဳးစားေနသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္ ေအာက္တိုဘာလအတြင္းကလည္း ပထမဦးဆုံး သီခ်င္းထြက္ရွိခဲ့တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္က သူမရဲ႕ Unseen သီခ်င္းေလးနဲ႔ JOOX က ခ်ီးျမႇင့္တဲ့ 2020 Popular Song Award ကို ရရွိခဲ့တာ ျဖစ္ပါတယ္။
အက္စတာေဒါ့သ္ခ်င္းဆုန္က သူမရဲ႕ ဆုေလးနဲ႔ ပက္သတ္ၿပီး “ပထမဆုံးထြက္တဲ့ #Unseen သီခ်င္းေလးနားေထာင္ပီးေတာ့အားေပးၾကတဲ့ ျပည္တြင္းျပည္ပကအမ်ိဳးတို႔အားလုံးကိုေက်းဇူးတင္ပါတယ္။ အထူးသျဖင့္ဆုန္ဆုန္ရဲ႕နားမွာအၿမဲရွိေပးတဲ့ဘုရားေပးေသာ #WhiteNubes family တို႔ကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဘုရားေပးတဲ့အသက္ရွိေနေသးသ၍ကိုယ္ျမတ္ႏိုးနဲ႔ အႏုပညာကိုရင္ဘက္ထဲပိုက္ၿပီးေတာ့ဆက္သြားပါ့မယ္😊” ဆိုၿပီး သူမကိုအားေပးေနတဲ့ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္စကားေျပာလာပါတယ္။
အက္စတာေဒ့ါသ္ခ်င္းဆုန္ကေတာ့ အႏုပညာရွင္တစ္ေယာက္ပီပီ ပရိသတ္ေတြအတြက္ အခ်ိန္ေပးနားဆင္ရက်ိဳးနပ္မယ့္ သီခ်င္းေတြကို ခ်ျပသလို ပရိသတ္ေတြကလည္းအက္စတာေဒ့ါသ္ခ်င္းဆုန္ကို အခုလို ဆုရရွိတဲ့အထိ အားေပးၾကတာ တကယ္ၾကည္ႏူးစရာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Esther DCS’s fb
Unicode
Myanmar Idol Season (3) ရဲ့ Winner တစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပြိုင်ပွဲမှာ Winner ဆုကြီးရရှိပြီးနောက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလို့လာခဲ့တာ ဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ပရိသတ်တွေအတွက် သီချင်းတွေကို အဆက်မပြတ်ဖန်တီးနေပြီး မရိုးနိုင်တဲ့ ဂီတလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေသူလေးတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် အောက်တိုဘာလအတွင်းကလည်း ပထမဦးဆုံး သီချင်းထွက်ရှိခဲ့တဲ့ အက်စတာဒေါ့သ်ချင်းဆုန်က သူမရဲ့ Unseen သီချင်းလေးနဲ့ JOOX က ချီးမြှင့်တဲ့ 2020 Popular Song Award ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က သူမရဲ့ ဆုလေးနဲ့ ပက်သတ်ပြီး “ပထမဆုံးထွက်တဲ့ #Unseen သီချင်းလေးနားထောင်ပီးတော့အားပေးကြတဲ့ ပြည်တွင်းပြည်ပကအမျိုးတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ဆုန်ဆုန်ရဲ့နားမှာအမြဲရှိပေးတဲ့ဘုရားပေးသော #WhiteNubes family တို့ကိုကျေးဇူးအများကြီးတင်ပါတယ်။ ဘုရားပေးတဲ့အသက်ရှိနေသေးသ၍ကိုယ်မြတ်နိုးနဲ့ အနုပညာကိုရင်ဘက်ထဲပိုက်ပြီးတော့ဆက်သွားပါ့မယ်😊” ဆိုပြီး သူမကိုအားပေးနေတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်စကားပြောလာပါတယ်။
အက်စတာဒေ့ါသ်ချင်းဆုန်ကတော့ အနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်တွေအတွက် အချိန်ပေးနားဆင်ရကျိုးနပ်မယ့် သီချင်းတွေကို ချပြသလို ပရိသတ်တွေကလည်းအက်စတာဒေ့ါသ်ချင်းဆုန်ကို အခုလို ဆုရရှိတဲ့အထိ အားပေးကြတာ တကယ်ကြည်နူးစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Esther DCS’s fb