ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမယ့် ဒေါက်တာတစ်ေယာက် ဖြစ်လာခဲ့တဲ့ ဦးကျော်သူ

Posted on

 

အနုပညာနယ်ပယ်မှာတကယ်ကိုတော်တဲ့ ထူးချွန်တဲ့ အပြင် ပရဟိအလုပ်တွေကိုပါ အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ ဝါရင့်အနုပညာရှင်ကြီးတွေထဲမှာ ဦးကျော်သူဆိုတာ မသိတဲ့သူမရှိပါဘူး။ ကလေးလူကြီးအားလုံးရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပြီးတော့ အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားတဲ့ စံပြ မင်းသားကြီးတစ်လက်လည်းဖြစ်ပါတယ်နော်။

 

မြန်မာနိုင်ငံ Star Award အကောင်းဆုံးဒါရိုက်တာဆုကိုလည်းရရှိထားတဲ့ ဒါရိုက်တာ ပရဟိတမင်းသားကြီးလည်းဖြစ်တဲ့ ကျော်သူဟာ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဘွဲ့ရတစ်ဦးမဟုတ်ပေမယ့် ဒေါက်တာဘွဲ့တစ်ခုကို ပေးအပ်ချီးမြှောက်ခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။ နိုင်ငံရေးခံယူချက်တွေ၊ အနုပညာအပေါ်ပေးဆပ်မှုတွေကြောင့် ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမယ့် ဦးကျော်သူ ဟာ အခုလို ဒေါက်တာဘွဲ့တစ်ခု ကို လက်ခံရရှိခဲ့တာဟာ စေတနာရောင်ပြန်တယ်ဆိုရမှာပါဘဲ ။

ဒီလိုဂုဏ်ယူစရာအဖြစ်ကို ဦးကျော်သူတစ်ယောက် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ပြန်လည်ပြောပြထားတာကိုတွေ့ရပါတယ်။ ဦးကျော်သူက “တက္ကသိုလ်က ဘွဲ့မရခဲ့ပေမယ့်
ပရဟိတနဲ့ပါတ်သက်သည့်လူသားချင်း စာနာမှုဆိုင်ရာဝန်ဆောင်မှုဒေါက်တာဘွဲ့ တော့ရခဲ့ဘူးပါရဲ့ဗျာ။” လို့ ရေးသားဖော်ပြထားတာပါ။ အတန်းပညာ ကို သာ တန်ဖိုးထားတတ်တဲ့ မြန်မာနိုင်ငံက လူတချို့ရဲ့ စိတ်ထားကို မီးမောင်းထိုးပြချင်ပုံရတယ်လို့လည်း ယူဆရပါတယ်။ သိစေချင်လွန်းလို့ ပရိသတ်တွေလည်း ဦးကျော်သူ ရဲ့ အတွေးအမြင် အပေါ် သဘောထား မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦးနော်။

Source – Kyaw Thu
No No May Ju JU

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.