“ပစ္စည်းပျောက်လို့ စိတ်ညစ်နေတဲ့ ပိုင်တံခွန်ရဲ့ ရုပ်ကို အမိအရ ရိုက်ပြီး လိုက်စနေတဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယိုဖိုင်”

Posted on

ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေ အသည်းကျော် အဆိုတော် အုပ်စိုးခန့်နဲ့ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကိုတော့ အထူးအထွေပြောစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အုပ်စိုးခန့်ကတော့ ဂီတလောကထဲကို ကိုယ်ပိုင်သံစဉ်ဖန်တီးမှုလေးတွေနဲ့ ဝင်ရောက်လာခဲ့ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ လုပ်ကိုင်ရင်း အားပေးချစ်တဲ့ ပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားသူပါ။ ပိုင်တံခွန်ကတော့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို စတင်ခဲ့ပြီး အာရှနိုင်ငံနဲ့ အနောက်နိုင်ငံအထိပါ လူသိများ ပရိသတ်အားပေးတဲ့ နိုင်ငံကျော်မော်ဒယ် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

အုပ်စိုးခန့်နဲ့ ပိုင်တံခွန်တို့ကတော့ အနုပညာညီအစ်ကိုတွေမို့ အချင်းချင်း ရင်းနှီးကာ အမြဲ စနောက်ကာ ပျော်ရွှင်တတ်ကြသူတွေပါ။ နှစ်ယောက်လုံးဟာ အောင်မြင်ပြီး လူကြိုက်များတဲ့ သူတွေဖြစ်ပေမယ့် မာနတွေမရှိဘဲ ရိုးရှင်းစွာ နေတတ်ကြသူတွေလို့ ပြောရင်မှားမယ် မထင်ပါဘူးနော်.။ ဇူလိုင်လ (၁၅)ရက်နေ့မှာတော့ အုပ်စိုးခန့်က ပိုင်တံခွန်နဲ့တွေ့ခိုက် စနောက်နေလို့ စိတ်တိုနေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

ပစ္စည်းပျောက်လို့စိတ်တိုနေတဲ့ ပိုင်တံခွန်ရဲ့ ပုံကို အမိအရ ဗီဒီယိုရိုက်ပြီး ရယ်မောနေတဲ့ အုပ်စိုးခန့်ကတော့ တော်တော်အစအနောက်သန်သူပါပဲနော်.ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက်လည်း ပိုင်တံခွန်ကို စနောက်နေတဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source: OakSoe Khant’s Facebook