ပစ်သွားတဲ့ကလေးမိဘတွေ နောင်တရလောက်တဲ့အထိ ကလေးတွေကို ပြုစုပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

Posted on

အလှူအတန်းနဲ့ပရဟိတအလုပ်တွကို မဆုတ်မနစ်လုပ်ဆောင်ပြီး ကလေးလေးတွေအတွက် ဂေဟာအသေးဖွင့်လိုက်ပြီဖြစ်တဲ့ပရဟိတမင်းသမီး ခိုင်နှင်းဝေကို သိကြမယ်ထင်ပါတယ် ။ သူနဲ့ ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင် ပြောပြပေးလိုက်ရပါတယ် ။

ခိုင်နှင်းဝေက ” ကလေးကတော့ လောလောဆယ် ၂၂ ယောက်ပေါ့ ။ ထပ်လက်ခံဖို့ကတော့အဆင်မပြေသေးဘူး နေရာလေးကလည်းကျဉ်းတော့ သူတို့ကိုကြီးအောင်စောင့်ရှောက်ရမယ့်စားရိတ်တွေဝန်တွေကလည်းရှိသေးတော့ ထပ်လက်မခံသေးဘူး ။ အစ်မကို Foundercအနေနဲ့ ပံ့ပိုးကူညီတဲ့သူတွေများလာတဲ့အခါကျရင်တော့ စဉ်းစားရမယ် ပေါ့ ။

ဥပမာပြောရရင် ဒီဂေဟာ ဒီလိုမျိုးအသေးလေး ပထမဦးဆုံးပြောရရင် ဂေဟာအသေးလေးစပြီးဖွင့်နိုင်ပြီ နောက်က ဂေဟအကြီးဖွင့်နိုင်ဖို့ မြေရပြီးဆေက်နိုင်ဖို့ပေါ့ အဲ့ဒီလို ဂေဟာအကြီးကြီးဆောက်နိုင်ဖို့ အတွက်နဲ့ အစ်မတဖြည်းဖြည်းတိုးချဲ့သွားဖို့စဉ်းစားထားတယ် ။ အခုလောလောဆယ်တော့ ဒီလောက်ပဲ ထားထား ဦးမယ် ဘာလို့လည်းဆိုတော့ အစ်မကလေး တွေကိုလည်း သေချာ သပ်သပ်ရပ်ရပ်နဲ့ပြုစုစောင့်ရှောက်ချင်လို့ပါ အဲ့ဒီအတွက်နဲ့ ဂေဟာလေးဖွင့်ဖြစ်တာပါ ။

ဒီကလေးတွေရဲ့အနာဂါတ်ပေါ့နော ပဓိကအားဖြင့် သူတို့ကိုပစ်သွားတဲ့မိသားစုတွေအတွက်ပြန်ပြီးကလဲ့စားချေချင်တယ် အမြဲတန်းအစ်မပြောတယ် ကိုယ်ပစ်သွားလိုက်တဲ့သားတွေ သမီးတွေ အစ်လက်ထဲမှာ ဘယ်လိုမျိုး လူတော်လူကောင်းလေးတွေဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြုစု ပျိုးထောင်မှာပေါ့ တစ်ချိန်ပြန်တမ်းတရအောင် နောင်တရစေချင်တယ် ။

ဘာဖြစ်လို့လဲဆိုရင် ကိုယ်ပစ်လိုက်တဲ့ကလေးလေးတစ်ယ်ေဟာ ဘယ်လောက်ထိ အနာဂတ်ကောင်းမွန်လှပလာမယ် ။ လမ်းဘေးမှာ နေသွားပြီးတော့ လမ်းဘေးစရိုက်မျိုးတွေမဖြစ်စေချင်ဘူး အဲ့ဒီအတွက်ကြောင့် အစ်မကယ်ခဲ့တာပါ ။ လက်လှမ်းမီကယ်နိုင်သလောက်ပေါ့လေ ။ ဒါတောင်မှ မခေါ်လိုက်ငြင်းလိုက်တဲ့စကားတွေအများကြီးရှိသေးတယ် ” လို့ပြောပြသွားတဲ့အပြင် ကလေးတွေအတွက် ကျန်းမာရေးငွေပဒေသာပင် အလှူရှင်တွေရှိလာဖို့မျှော်လင့်မိကြောင်းကိုလည်း ပြောပြသွားပါသေးတယ် ။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.