Creidt Rowena
Unicode
ပင်လယ်ရေပြင်မှ ရေငုပ်ခဲ့တဲ့ပုံရိပ်တွေကို မျှဝေလိုက်တဲ့ သင်ဇာဝင့်ကျော် …
အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကမှာတော့ စူပါစတားတစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်က
လူလေးလှသလို သူမအလှကို ပေါ်လွင်စေမယ့် ဝတ်စုံဆန်းဆန်းပြားပြားတွေကိုလည်း ဝတ်ဆင်တတ်ပါသေးတယ်။ ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ သူများနဲ့ မတူတဲ့ အမိုက်စားပုံရိပ်တွေကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ ငွေဆောင်ကမ်းခြေကို အပန်းဖြေရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ ငွေဆောင်ရောက် အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
သင်ဇာဝင့်ကျော်က ငွေဆောင်ကို ရောက်ခိုက် ပင်လယ်ရေပြင်အောက်မှာ ရေငုပ်ရင်း ရိုက်ကူးထားတဲ့ပုံရိပ်တွေက အရမ်းမိုက်တာကို တွေ့မြင်ရပါတယ်။
သင်ဇာဝင့်ကျော်က အခုလတ်တလောမှာ “မြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်နေတာဖြစ်ပြီး ပွဲတက်တွေနဲ့ အခြားသော အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက် ရှိပါတယ်။
သင်ဇာဝင့်ကျော်ရဲ့ ပင်လယ်ရေပြင်အောက်က ပုံရိပ်တွေကတော့ အရမ်းမိုက်တာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Creidt Rowena
Source: Thin Zar Wint Kyaw’s fb
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.