ပင်ပန်းဆင်းရဲစွာ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ဖခင်ကြီးအတွက် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ ကောင်းကောင်းရဲ့ “တံငါသည်သား” သီချင်းသစ်

ပရိသတ်တွေကို သီချင်းကောင်းလေးတေီနဲ့ ဖျော်ဖြေသီဆိုပေးခဲ့တဲ့ အဆိုတော် ကောင်းကောင်းက နေရာမရွေးက ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိထားသူ ဖြစ်ပါတယ်။ ကောင်းကောင်းရဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာတော်တော်လေး ပေါက်သလို တော်တော်လေးလည်း ရေပန်းစားလှပါတယ်။ ကောင်းကောင်းက လက်ရှိမှာလည်း သူချစ်တဲ့ သီချင်းတွေဆိုနေရရင် ပျော်နေသူပဲ ဖြစ်ပါတယ်။

 

 

ကောင်းကောင်းက ဒီကနေ့ ကျရောက်တဲ့ အဖေများနေ့မှာ သူကိုယ်တိုင် ရေးသား သီဆိုထားတဲ့ သီချင်းသစ်လေးတစ်ပုဒ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားပါတယ်။

 

 

ထိုသီချင်းလေးနာမည်က “တံငါသည်သား” လို့အမည်ရပြီး ကောင်းကောင်း ဖြတ်သန်းခဲ့တဲ့ သူ့အကြောင်းနဲ့ ဖခင်ကြီးအကြောင်းကို ဂုဏ်ပြုသီဆိုထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် ကောင်းကောင်းရဲ့ “တံငါသည်သား” ဆိုတဲ့ သီချင်းသစ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကောင်းကောင်း – တံငါသည်သား

 

https://youtu.be/LKS7wFnAOpI

 

 

သီချင်းလေးကတော့ ဖခင်မေတ္တာဘွဲ့ကို သီဆိုထားတာပဲ ဖြစ်ပါတယ်။ ဒီ “တံငါသည်သား” သီချင်းလေးကို နားထောင်ရင်း မိသားစုကို ရှာဖွေကျွေးမွေးခဲ့တဲ့ ဖခင်ရဲ့ မေတ္တာကို ခံစားမိစေပါတယ်။ ပရိသတ်ကြီးလည်း အဖေများနေ့မှာ မိမိတို့ ဖခင်ရဲ့ မေတ္တာတွေကို ခံစားသိရှိနိုင်ပါစေနော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.