နှစ်ပေါင်းများစွာ စွဲလမ်းခဲ့တဲ့အရာတွေကို ဖြတ်တောက်ခဲ့တဲ့ ဘဝရဲ့ ပထမဆုံးအကြိမ် ကုသိုလ်ခရီး အမှတ်တရတွေကို ချပြလာတဲ့ မိစန္ဒီ

Posted on

Rap သီချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုခဲ့တဲ့ အဆိုတော်မလေး မိစန္ဒီကို လူငယ်ပရိသတ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မိစန္ဒီကတော့ ပျော်ပျော်နေတတ်ပြီး အမြဲတမ်းပြုံးနေတတ်တာကြောင့် ပရိသတ်တွေအချစ်ကို ဒီနေ့ဒီအချိန်ထိ ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိစန္ဒီရဲ့ သီချင်းတွေအပြင် သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးကို သဘောကျကြတာပဲ ဖြစ်ပါတယ်။

မိစန္ဒီကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၁၁) ရက်နေ့က သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ရင်း ပရိသတ်တွေကို Surprise ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို မပြောမဆိုနဲ့ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တဲ့ မိစန္ဒီက ဒီကနေ့မှာတော့ “နှစ်ပေါင်းများစွာ စွဲလမ်းခဲ့ရသော အရာများအား ခေတ္တ ခဏ စွန့်လွှတ်ဖြတ်တောက်၍ ဘဝရဲ့ ပထမဆုံးအကြိမ် ကုသိုလ်ခရီး အမှတ်တရ 🙏🙏🙏🙏” ဆိုပြီး သူမရဲ့ ကုသိုလ်အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလာပါတယ်။

မိစန္ဒီကတော့ သူမတန်ဖိုးထားရတဲ့ ဆံပင်တွေကို ဖြတ်တောက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် သီလရှင်ဝတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မိစန္ဒီရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Mi Sandi’s fb
zawgyi



Source: Mi Sandi’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.