“နှစ်တိုင်း ပြုလုပ်နေကြ အဘွားဖြစ်သူအတွက် ရည်စူးအလှူလေးကို ပြုလုပ် လှူဒါန်းခဲ့တဲ့ ပိုပို”

Posted on

ပရိသတ်ကြီးရေ ပွင့်လင်းနေထိုင်တတ်သူ အဆိုတော်မလေး ပိုပိုကိုတော့ ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ရိုးရှင်းပြီး ပွင့်လင်းစွာ နေတတ်သူ ပိုပိုကတော့ သူမရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့ပြီး ထွက်သမျှသီချင်းတိုင်းဟာ ပရိသတ်တွေရဲ့ ရင်ကို ထိရောက်အောင် ဖန်တီး သီဆိုနိုင်သူ ပါ.။

ပိုပိုကတော့ နှစ်စဉ်လုပ်နေကြ ကောင်းမှု ကုသိုလ်ဖြစ်တဲ့ အဘွားဖြစ်သူအတွက် ရည်စူးအလှူလေးကို ဒီနေ့ ဇူလိုင်လ (၁၆)ရက်နေ့မှာ “ရွှေပြည်သာ ရတနာပန်းကုံး ကျောင်းတိုက်မှာ ဝါဆို သင်္ကန်း (၃) စုံ ကို အဘွားဒေါ်အုန်းကြည်ကို ရည်းစူးပြီး လှူခဲ့ပါတယ်.။ အဘွားဒေါ်အုန်းကြည် သမီး ပြုလုပ်တဲ့ ကုသိုလ် အစုစုတွေကို ရပါစေ လို့ အမျှဝေရင်း ပရိတ်သတ်တွေလည်း သာဓု ခေါ်ပါနော်.။ Royal Nadi Hotel ကအသိမိတ်ဆွေ (၃)ယောက် (၃)စုံ တောင်ကြီးမှ ကိုသန့်နဲ့ ဇနီး အတွက် (၁)စုံ လှူပေးခဲ့ပါတယ် .။ နတ်လူ သာဓု ခေါ်စေသော် #popo #Donation #ရတနာပန်းကုံးကျောင်း #YadanarPannKone” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

နှစ်တိုင်း မပျက်မကွက်လုပ်ပေးခဲ့သူ ပိုပိုကတော့ အဘွားအတွက် ရည်စူးအလှူလေးကို ဒီနှစ်မှာလည်း မပျက်မကွက်ဘဲ လှူဒါန်းမှု ပြုလုပ်ခဲ့ပါသေးတယ်နော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ပိုပိုရဲ့ အဘွားဖြစ်သူအတွက် ရည်စူးအလှူလေးကို သာဓု ခေါ်ဆိုသွားကြပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: ပိုပို’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.