နုနုဖတ်ဖတ် မင်းသမီးလေးဖြစ်ပေမယ့် အိမ်ထောင်ရှင်ကလေးအမေဘဝမှာ ပျော်မွေ့နေပြီဖြစ်တဲ့ ပိုးအိအိခန့်

Posted on

သရုပ်ဆောင် ပိုးအိအိခန့်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာသူတစ်ယောက်ပါပဲ။ ပိုးအိအိခန့်က ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာပဲ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က လက်ရှိမှာတော့ သူမရဲ့ အနုပညလုပ်ငန်းတွေကို ပြန်လည်မလုပ်ကိုင်သေးပဲ သားလေးသွင်ဦးဟန်ကိုသာ ဂရုစိုက်ထိန်းကျောင်းနေလျက်ရှိတာကို တွေ့ရပါတယ်။

နုနုဖတ်ဖတ် မင်းသမီးလေးဖြစ်တဲ့ ပိုးအိအိခန့်ကတော့ သူမရဲ့ အိမ်ထောင်ရှင် ကလေးမေမေ ဘဝလေးမှာ ပျော်မွေ့ကျေနပ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးအိအိခန့်က “ဒီရက်ပိုင်း သားလေး ပြန်စားလာလို့ ပျော်နေရတယ်။ သူစားတယ်ဆိုရင် တစ်နေ့တစ်နေ့ တစ်ခုပြီး တစ်ခုလုပ်ကျွေးရတာလည်း မမောနိုင် မပမ်းနိုင်ပါဘူး။ ခုလည်း သားလေးအိပ်တုန်း နိုးလာရင် အဆာပြေစားဖို့ ပြင်ဆင်ထားရတယ် ” ဆိုပြီး သားလေး ခံတွင်းတွေ့တာတွေ ချက်ပြုတ်ရင်း မမောနိုင်တဲ့အကြောင်းကို ပြောလာပါတယ်။

ပိုးအိအိခန့်ကတော့ သားလေး သွင်ဦးဟန်ကို အချိန်ပေး ဂရုစိုက်ရင်း သူမရဲ့ နေ့ရက်တိုင်းမှာ ကြည်နူးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးအိအိခန့်တစ်ယောက် ကလေးမေမေဖြစ်သွားပေမယ့် အရင်အတိုင်း ဆက်လက်ပြီး အားပေးချစ်ခင်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Poe Ei Ei Khant’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.