အဆိုေတာ္ႀကီး ဂေရဟမ္ရဲ႕ သမီးႀကီးျဖစ္သူ ပန္းေရာင္ျခယ္ကေတာ့ သာယာၾကည္ေအးတဲ့ အသံေလးကို ပိုင္ဆိုင္ထား႐ုံသာမက ျမင္သူတိုင္း ခ်စ္ခင္ရတဲ့ မ်က္ႏွာလွလွေလးကိုပါ ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ပန္းေရာင္ျခယ္က သူမဖခင္ရဲ႕ ေျခရာကိုနင္းၿပီး အဆိုေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တယ္ဆိုေပမယ့္ အခုဆိုရင္ ေၾကာ္ျငာေတြကိုပါ ႐ိုက္ကူးေနၿပီး “လိပ္ျပာ” ဇာတ္လမ္းတြဲမွာလည္း ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။ ပန္းေရာင္ျခယ္ကေတာ့ သူမကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ အမ်ိဳးမ်ိဳးေသာ အႏုပညာလႈပ္ရွားမႈေတြကို ခ်ျပဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။
မေန႔က ဇန္နဝါရီလ (၂၉) ရက္ေန႔မွာေတာ့ ပန္းေရာင္ျခယ္က သူမ Brand Ambassador အျဖစ္ တာဝန္ယူေဆာင္႐ြက္ထားတဲ့ ဖုန္းအမ်ိဳးအစားအသစ္ မိတ္ဆက္ပြဲကို တက္ေရာက္ေပးခဲ့ပါတယ္။ ပန္းေရာင္ျခယ္က ထိုပြဲေလးမွာ ပရိသတ္ေတြမသိေသးတဲ့ သူမရဲ႕ Talent တစ္ခုကို ထုတ္ျပခဲ့တာကို ေတြ႕ရပါတယ္။ အဲ့ဒါကေတာ့ ပန္းေရာင္ျခယ္က ကမာၻေက်ာ္သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Problem သီခ်င္းထဲက Iggy Azalea ရဲ႕ Rap အပိုဒ္ကို သီဆိုျပလာတာကို အခုလိုပဲ ေတြ႕ရပါတယ္။
ပန္းေရာင္ျခယ္ကေတာ့ “အစက ဘာလုပ္ျပရမွန္းမသိ hidden talent ကို၊ ပန္းေရာင္ တတ္လို႔လုံးဝမဟုတ္ပါဘူး 😅 အမွတ္တရပါ 💜” ဆိုၿပီး သူမတတ္လို႔ ဆိုျပတာမဟုတ္ဘူးလို႔ ေျပာထားေပမယ့္ ပရိသတ္ေတြကေတာ့ သေဘာအက်ႀကီးက်ေနရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ myanmaer cele cafe ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။
Source: Pan Yaung Chel’s fb
unicode
အဆိုတော်ကြီး ဂရေဟမ်ရဲ့ သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ သာယာကြည်အေးတဲ့ အသံလေးကို ပိုင်ဆိုင်ထားရုံသာမက မြင်သူတိုင်း ချစ်ခင်ရတဲ့ မျက်နှာလှလှလေးကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပန်းရောင်ခြယ်က သူမဖခင်ရဲ့ ခြေရာကိုနင်းပြီး အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တယ်ဆိုပေမယ့် အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေပြီး “လိပ်ပြာ” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ပန်းရောင်ခြယ်ကတော့ သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အမျိုးမျိုးသော အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ (၂၉) ရက်နေ့မှာတော့ ပန်းရောင်ခြယ်က သူမ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်ထားတဲ့ ဖုန်းအမျိုးအစားအသစ် မိတ်ဆက်ပွဲကို တက်ရောက်ပေးခဲ့ပါတယ်။ ပန်းရောင်ခြယ်က ထိုပွဲလေးမှာ ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ Talent တစ်ခုကို ထုတ်ပြခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒါကတော့ ပန်းရောင်ခြယ်က ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Problem သီချင်းထဲက Iggy Azalea ရဲ့ Rap အပိုဒ်ကို သီဆိုပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။
ပန်းရောင်ခြယ်ကတော့ “အစက ဘာလုပ်ပြရမှန်းမသိ hidden talent ကို၊ ပန်းရောင် တတ်လို့လုံးဝမဟုတ်ပါဘူး 😅 အမှတ်တရပါ 💜” ဆိုပြီး သူမတတ်လို့ ဆိုပြတာမဟုတ်ဘူးလို့ ပြောထားပေမယ့် ပရိသတ်တွေကတော့ သဘောအကျကြီးကျနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ myanmaer cele cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Pan Yaung Chel’s fb