လာမယ့် နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးကတော့ တစ်နေ့ထက်တစ်နေ့ နီးကပ်လို့လာပြီပဲ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း မိမိတို့ နှစ်သက်ရာ ကိုယ်စားလှယ်တွေအတွက် စိတ်အားထက်သန်နေကြသလို ကိုယ်ယုံကြည်ရာ ပါတီအသီးသီးအတွက်လည်း တစ်ဖက်တစ်လမ်းကနေ တတ်နိုင်တဲ့ အင်အားနဲ့ ကူညီနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံကျော် အဆိုတော် (၄၅) ယောက်ကနေပြီး “အောင်လံလွှင့်မည် NLD” သီချင်း ကို MV နဲ့တကွ ချပြလာပါတယ်။
Source: Phyo Pyae Sone’s fb
“အောင်လံလွှင့်မည် NLD” သီချင်း ကို သံစဉ် / စာသား အဖြစ် သံသာဝင်း၊ Rap စာသား ကို အနဂ္ဂ ရန်ရန်ချန်းတို့က ရေးသားပြီး ရဲသွင် ရင်ဂို တူးတူး စည်သူလွင် စောဖိုးခွါး အက်ဆစ် (အနဂ္ဂ ရန်ရန်ချန်း) R ဇာနည် ဖြိုးကြီး ဂျီလတ် မြတ်နိုးဟန် သားကြီး လင်းနစ် ကောင်းကောင်း ဖြိုးပြည့်စုံ M သီဟ ကျော်သီဟ လွှမ်းပြည့်ပိုင် စည်သူမင်း ဝင်းခန့် ဖြိုးမြတ်အောင် မူးလာဟေမာနေဝင်း မီမီဝင်းဖေ ကော်နီ အိအိ သီရိကိုကို သျှီ ချောစုခင် ဆုန်သင်းပါရ် သံသာဝင်း ယုဇန ချစ်သုဝေ မေစံပယ်ညို စန္ဒီမြင့်လွင် ချမ်းချမ်း ခင်စုစုနိုင် Ireneဇင်မာမြင့် ဆိုင်စံ ဆိုင်စံ လိမ္မော်သီး ပိုပို ရွှေရည်ဖြိုးမောင် ကေကေမိုး ဘီလီလမင်းအေး ချမ်းမြေ့မောင်ချို တို့က ပါဝင်သီဆိုပေးခဲ့ကြပါတယ်။
အထက်ပါ အနုပညာရှင်တွေကတော့ မိမိတို့ ယုံကြည်ရာ ပါတီအတွက် “အောင်လံလွှင့်မည် NLD” သီချင်းကို ပရိသတ်တွေအတွက် ချပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “အောင်လံလွှင့်မည် NLD” သီချင်းလေးကိုကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
source : phyo pyae sone
zawgyi
source : phyo pyae sone