
Posted on




Source: Nyein Ko’s fb


ယူနီကုဒ်ဖြင့်ဖတ်ရန်

နာမည်ကြီး မင်းသား၊ ဒီဇိုင်နာနဲ့ ဆရာဝန်တွေ ပါဝင်ထားတဲ့ Don’t Rush Challenge ဗီဒီယိုလေး …

အခုလက်တလောမှာတော့ Covid – 19 ကပ်ရောဂါကြောင့် လူတော်တော်များများက စိတ်သောက အနည်းနဲ့အများ ရောက်နေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ညစ်နေလို့ ဘာမှမထူးတဲ့အခါ ကိုယ့်ကိုကိုယ်ပျော်အောင်ဖန်တီးနေရတာချည်း ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တွေအနေနဲ့လည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေ ခဏတာစိတ်အပန်းပြေဖို့ ကြိုးစားဖန်တီးပေးနေကြတာကို တွေ့ရပါတယ်။

ဒီနေ့မှာလည်း မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲ မင်းသား၊ ဒီဇိုင်နာနဲ့ ဆရာဝန်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ငြိမ်းသော်၊ ချာလီ၊ ထက်ဦးထွဋ်၊ Dr. အောင်သီဟ၊ Dr. Eric Yang နဲ့ ဒီဇိုင်နာ ငြိမ်းကိုတို့က Tik Tok မှာ နာမည်ကြီးနေတဲ့ Don’t Rush Challenge လေးကို အခုလိုပဲ တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံက မင်းသားတွေ၊ ဒီဇိုင်နာတွေနဲ့ ဆရာဝန်တွေကတော့ အမိုက်စားရုပ်ရည်တွေကို ပိုင်ဆိုင်ထားတာပဲနော်။ ပရိသတ်ကြီးလည်း ဒီ Challenge လေးကို ကြည့်ပြီး ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်နော်။

Source: Nyein Ko’s fb

Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.