နာမည်ကြီး မင်းသားတစ်ဦးနဲ့ တွဲနေတယ် ဆိုတဲ့ သတင်းတွေအပေါ် ဖြေရှင်းလိုက်တဲ့ မေဆူးမောင်

ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီးကျစ်လျစ်လှပတဲ့ အမိုက်စား body ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မေဆူးမောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ကျိန်စာပြယ်ဒဏ္ဍါရီ MRTV 4 ဇာတ်လမ်းတွဲလေး နဲ့ ပိုပြီးလူသိများလာသူပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် နာမည်ကြီး မင်းသားတစ်ဦးနဲ့ တွဲနေတယ် ဆိုတဲ့ သတင်းအပေါ် ဖြေရှင်းလိုက်တဲ့ မေဆူးမောင် ရဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

 

 

မေဆူးမောင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ည ၊သမုဒယနွယ်၊ တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ MRTV 4 ဇာတ်လမ်းတွဲ တွေကိုလည်း ရိုက်ကူးထားတာကြောင့် သူမကို အားပေးတဲ့ အမာခံပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

 

 

လတ်တလောမှာ မေဆူးမောင် က နာမည်ကြီး မင်းသားတစ်ဦးနဲ့ တွဲနေတယ် ဆိုပြီးသတင်းထွက်နေတာပဲ ဖြစ်ပါတယ်။ ဒီသတင်း နဲ့ပတ်သက်ပြီး မေဆူးမောင် က ခုလို ဖြေထားပါတယ်။

သူမက ” ကောလဟာလ ဆိုတာကတော့ အနုပညာရှင်တိုင် ကြုံရတာပေါ့နော်။တစ်ချို့ မဟုတ်ပဲနဲ့လည်း ကောလဟာလ ထွက်သလို ၊ တကယ်ဟုတ်လို့လည်း ကောလဟာလထွက်တယ်ပေါ့ အဲဒီအပေါ်မှာတော့ ညီမ အာရုံမရှိပါဘူး။

 

 

တချို့တွေက တကယ်သိလို့တင်တာလည်း မဟုတ်ပဲနဲ့ ဒီလိုနားစွန်နားဖျား ကြားပြီး တင်ကြတာပေါ့နော်။ ညီမနဲ့ အဲဒီထင်ခံရတဲ့ အစ်ကို က ကားရိုက်လည်း အရမ်းကြီးဆုံဖူးတာ မဟုတ်ဘူးသလို၊ သေသေချာချာ ရင်းရင်းနှီးနှီးမခင်ဖူးပဲနင့်ဘာလို့ထင်လဲပေါ့ ” ဆိုပြီး ဖြေရှင်းသွားပါတယ်။

 

 

မေဆူးမောင် ရဲ့ နာမည်ကြီး မင်းသားတစ်ဦးနဲ့ တွဲနေတယ် ဆိုတဲ့ သတင်းအပေါ် ပြောပြထားတဲ့အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.