ဖြူဖြူထွေးကတော့ လူမှုကွန်ရက်စာမျက်နှာကနေ ဟာသဗီဒီယိုလေးတွေကို ဖန်တီးပြီးတင်ဆက်ရင် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အစပိုင်းမှာ သူမရဲ့ တစ်ချို့သောအပြုအမူတွေကြောင့် ပရိသတ်တွေက ဝေဖန်အပြစ်တင်မှုတွေရှိခဲ့သော်လည်း နောက်ပိုင်းတွေမှာ သူမကိုယ်တိုင်က ပရိသတ်တွေအပြစ်တင်ဝေဖန်တဲ့ အပြုအမှုတွေကို ပြုပြင်ပြောင်းလဲခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အ၀ပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဖြူဖြူထွေးဟာ (၂၀၁၉)ခုနှစ် မေလ (၂၂)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Influencer Awards (2018)ဆုပေးပွဲကြီးမှာ “Influencer Of The Year (2018) (Celebrity Influencer)”ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။လတ်တလောမှာတော့ ဖြူဖြူထွေးဟာ သူမ၀ါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး နိုင်ငံခြားအထိ ကြော်ငြာတွေသွားရောက်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ အကြောင်းကို
“ခုလတ်တလောမှာတော့ ကြော်ငြာတွေရိုက်ဖို့ရှိတယ်။နိုင်ငံခြားမှာသွားရိုက်ရမှာဆိုတော့ ပီတိဖြစ်နေတယ်။တစ်ခါမှလည်းမရိုက်ဖူးဘူး။အခုမှပထမဆုံးအကြိမ်ပေါ့နော်။နာမည်ကြီး ကုမ္ပဏီတစ်ခုကနေပြီးတော့ ခေါ်တာဆိုတော့ ပီတိဖြစ်ရပါတယ်။”ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နိုင်ငံခြားအထိ ကြော်ငြာတွေသွားရောက်ရိုက်ကူးတော့မှာဖြစ်တဲ့ ဖြူဖြူထွေးအတွက် မှတ်ချက်လေးတွေရေးပေးသွားပါဦးနော်။
Video ကြည့်ရန်
Source : Exclusive On CeleGabar