နာမည်ကျော် ဟောင်ကောင်ရုပ်ရှင်မင်းသား ကြီး ယွင်တဟွာ ဓါးဖြင့်ထိုးခံရ

Posted on

တရုတ်နိုင်ငံ ဂွန်ဒေါင်းပြည်နယ်တွင် စတိုးဆိုင်ဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသည့် နာမည်ကျော် ဟောင်ကောင်ရုပ်ရှင် သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ အသက်(၆၄)နှစ်အရွယ် ရွမ်တဟွာအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦးမှ ဓါးဖြင့်ထိုးလိုက်သဖြင့် ဒဏ်ရာရသွားကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွန်ဒေါင်းပြည်နယ်တွင် New Beijing Easy home စတိုးဖွင့်ပွဲ အခမ်းအနားသို့ ဧည့်သည်အဖြစ် တက်ရောက်လာသည့် သရုပ်ဆောင် ယွင်တဟွာကို အမျိုးသားတစ်ဦးက လူအုပ်ကြားဝင်လာကာ ဓါးဖြင့်ထိုးခဲ့ရာ မင်းသား၏ အစာအိမ်တွင် ဓါးဒဏ်ရာရသွားကြောင်း သိရသည်။

ယွင်တဟွာ၏ ဗိုက်ကို ဓါးဖြင့်ဆက်တိုက်ထိုးနေသည့် အမျိုးသားကို အနီးနားရှိလုံခြုံရေးအစောင့်များက ဝိုင်းဝန်းဖမ်းဆီးလိုက်ပြီး ယွင်တဟွာကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဆေးရုံတွင် ကုသမှုခံယူနေသည့် သရုပ်ဆောင် ယွင်တဟွာ၏ အခြေအနေမှာ အသက်အန္တရာယ်ဆိုးရိမ်ဖွယ်မရှိကြောင်း သူ၏မန်နေဂျာက သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.