နာမည်မကြီးခင် ငယ်ဘဝအမှတ်တရလေးတွေကို ပြသလိုက်တဲ့ မြတ်သူသူဇင်

 

ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုတွေ ထောက်ခံမှုတွေကို ရရှိခဲ့သူတွေထဲမှာ မင်းသမီးလေး မြတ်သူသူဇင်လည်း ပါဝင်ခဲ့ပါတယ်။ မြညို ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို အကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့တဲ့ အတွက် မြတ်သူသူဇင်ဆိုတာ ထက် မြညို ဆိုတဲ့ နာမည် လေး နဲ့ ထင်ရှားသူပါ ။

 

မြတ်သူလေး က သူ့ရဲ့ ငယ်စဉ်ကာလ က ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် အမှတ်တရ ထုတ်ပြလိုက်ပါတယ်။ မြတ်သူဟာ ငယ်စဉ်ကတည်း က လှပတဲ့ ဆံနွယ်တွေကို လည်းပိုင်ဆိုင်ထားခဲ့တာပါ ။

 

 

မြတ်သူသူဇင် က “အော် ငယ်ရုပ်ကလေးကိုက ပြူးကြောင်ကြောင်နိုင်လွန်းရှာသော မိမိပါနော်
ပုံလေးတွေပြန်ကြည့်ပြီး တင်ပါးနားထိရောက်ခဲ့ဖူးသော မိမိဆံကေသာလေးများ
ငယ်ငယ်က ကိုယ့်ဗလကိုကြည့်ပြီး အားကိုးချင်နေကြပြီမလား မညာချင်စမ်းပါနဲ့ ” ဆိုပြီးရေးသားထားတာကိုလည်း တွေ့ရပါတယ်။ သိစေချင်လွန်းလို့ ပရိသတ်များအတွက် မြတ်သူ ရဲ့ ငယ်စဉ်က ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Myat Thu Thu Zin
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.