မော်ဒယ်၊ သရုပ်ဆောင် စူးရှထက်ကတော့ ကိုကို၊ မောင်မောင်တွေအားလုံးရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ အလှမိမယ်လေးတစ်ဦး ဖြစ်ပါတယ်။ စွဲမက်ချင်စရာကောင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်က သူမရဲ့ကောက်ကြောင်းအလှတွေနဲ့ ညို့ယူဖမ်းစားလေ့ရှိတာ ဖြစ်ပါတယ်။ ဆက်စီ ပုံရိပ်အလန်းစားလေးတွေကို ရိုက်ကူးလေ့ရှိတဲ့ စူးရှထက်ကိုတော့ ပုရိသတွေက မကြွေဘဲမနေနိုင်ဖြစ်နေရတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ စူးရှထက်က နယ်ပွဲလေးတွေ လက်ခံနေရပြီး ပရိသတ်တွေကို သီချင်းသီဆိုရင်း ဖျော်ဖြေပေးနေတာ တွေ့ရပါတယ်။ မကြာသေးခင်ကမှလည်း စူးရှထက်က မိတ္ထီလာမြို့မှာ သီချင်းသွားဆိုပြီး ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။ အခုလည်း စူးရှထက်က နယ်ပွဲကရရှိလာတဲ့ အနုပညာကြေးတွေနဲ့ မိဘတွေကို ဦးချကန်တော့ခဲ့ပါတယ်။
စူးရှထက်က ” နယ်ပွဲကရတဲ့ အနုပညာကြေးလေးနဲ့ ကန်တော့ ” ဆိုပြီး ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ အနုပညာကြေးတွေနဲ့ မိဘကို တရိုတသေကန်တော့နေတဲ့ စူးရှထက်ရဲ့ပုံရိပ်လေးတွေကတော့ ပီတိဖြစ်ဖွယ်ကောင်းလောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် အနုပညာကြေးနဲ့ မိဘကိုကန်တော့ခဲ့တဲ့ စူးရှထက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Zar Chi;
ခရက်ဒစ် myanmarload