နယ်ပရိသတ်တွေ အမှတ်တရလက်ဆောင် ပို့ပေးတာခံလိုက်ရတဲ့ တိုင်ရွန်

Posted on

ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာ နာမည်ကြီးနေသူလေး တိုင်ရွန်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

သူကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ရိုက်ကွင်းကအမှတ်တရ ပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ တိုင်ရွန့်ကိုချစ်ကြတဲ့ ပရိသတ်တွေက အမှတ်တရလက်ဆောင်တွေပေးပို့ခဲ့ကြတယ်လို့လည်း သိရတာပါ ။

 

တိုင်ရွန်က ” ဇီးကုန်းမြို့လေးကနေ အားပေးတဲ့ပရိတ်သတ်တွေ ပို့ပေးလာတာ ဒေသထွက် စားစရာလေးတွေ ပါ အရမ်းကြိုက်ပါတယ် မြန်မာမုန့်တွေ
လက်ဆောင်လေးတွေ လာပို့ပေးတဲ့ အမ Ayenandar တို့ မိသားစုကိုကျေးဇူးတင်ပါတယ် ဇီးကုန်းမြို့လေးကိုလည်းကျေးဇူးတင်ပါတယ် .” ဆိုပြီးလူမှုကွန်ရက်ပေါ်မှာရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေလည်း ဗမာမုန့်တွေကြိုက်တတ်တဲ့ တိုင်ရွန်အတွက် မှတ်ချက်ကနေ တစ်ခုခုပြောခဲ့ကြပါဦး ။

Source – Tyron Bejay
Noe Noe May Ju Ju

ယဉ်လတ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.