နန်းဆုနဲ့ သဝန်တိုရတဲ့ မင်းသားတွေအကြောင်း ပြောပြလာတဲ့ G Fatt

အချစ်သီချင်းတွေကို ကောင်းကောင်းရေးဆိုတတ်ပြီး ချစ်သူအတွက်သီချင်းတွေကိုပါ ရေးပေးတတ်တဲ့ Hip Hop အဆိုတော် G Fatt ကိုတော့အားလုံး သိကြပြီးသားဖြစ်မှာပါ ။

အခုပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ Media 9 နဲ့အင်တာဗျူးမှာ သူပြောပြသွားတဲ့အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။

G Fatt က “လတ်တလောကတော့ ကျနော်သီချင်းအသစ်ထွက်ဖို့ ရှိပါတယ် ။ ဒီလကုန်ပြီးနောက်လ ပထမအပတ် ဒုတိယအပတ် ထဲမှာ သီချင်းသစ်ထွက်ဖို့ရှိပါတယ် ။ ကျနော်နဲ့ ပန်းရောက်ခြယ်နဲ့လုပ်ထားတဲ့ သီချင်းပေါ့ ပြီးရင် Music Video ရိုက်ကူးနေပါပြီ ။

ပြီးတော့ Live Show ခွေထွက်ဖို့ရှိပါတယ်။ ပြီးတော့ One Man Show ထပ်လုပ်ဖို့ကြိုးစားနေပါတယ် ။

 

 

ကမ်းမဲ့လှေ ကတော့ ကျနော်သူ့ကိုပေးထားတာကြာပြီ ။ Music Video ရိုက်ဖြစ်တာကကျ သီဟဒိုင်နိုပေါ့ ကျနော်သူငယ်ချင်းပဲ သူနဲ့တိုင်ပင်ပြီး ရိုက်ဖြစ်တဲ့အချိန်ကျ ကိုယ်က အရင်ကတည်းက စိတ်ကူးယဉ်ထားတာရှိတယ် ကမ်းခြေမှသွားရိုက်မယ်ဆိုပြီးတော့ စဉ်းစားဖြစ်ပြီး ပင်လည်း ပင်ပန်း ပါတယ်။ ပျော်ဖို့လည်းကောင်းပါတယ် ။

သီချင်းထွက်လာတော့ ကိုအားလုံးကြိုးစားတယ် ဆိုတော့ အားလုံးလည်းကြိုက်ကြတယ် ဆိုတော့ ပျော်ပါတယ် ။

တကိုယ်လုံး မပါဖြစ်တယ်ဆိုတာက ခုနကပြောသလို ဇာတ်လမ်းအရဆိုရင်လည်း ဘာမှသိပ်မထူးဆန်းဘူးလေ တကိုယ်လုံးပါ သရုပ်ဆောင်လည်းမထူးဆန်းဘူးလေ ပါချင်ရင်တော့

တခြားမင်းသားတစ်ယောက် သရုပ်ဆောင်တစ်ယောက် နဲ့သရုပ်ဆောင်ရတာကိုတော့ ပိုမြင်ချင်တာကို အဲ့တာမှ ကျနော့်ဇာတ်လမ်းအရ ကျနော်လုပ်ချင်တာ လုပ်လို့ရမှာပေါ့ ကိုယ်ကကျတော့ ဒီဘက်မှာလည်း လိုက်အာရုံစိုက် ဟိုက်မှာလည်း လိုက်ပါနေရင် မကောင်းဘူး ။ အဲ့ဒါကြောင့် မပါဝင်ဖြစ်သေးတာပါ ခင်ဗျ ။

သီချင်းပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ဇာတ်လမ်းပေါ်မှာ မူတည်ပြီးတော့ ကြောင်းကျိုးတိုက်ဆိုင်တယ် ဆိုရင်တော့ ပါဝင်ဖြစ်မှာပါ ။ ကျနော်က တစ်ကိုယ်လုံးပါလို့ရတာပဲ ။ သူက ကျနော်စီစဉ်တာ လက်ခံတာပဲ လေ ကျနော်က တစ်ပုဒ်လုံးပါမယ် ။ ဒီတစ်ခုလုံးမှာ ငါနဲ့သရုပ်ဆောင်မယ်ဆိုလည်း ဖြစ်တာပဲ ။

ကမ်းမဲ့လှေမှာဆိုရင်ရန်ဖြစ်တဲ့ နေရာမှာ သူများအစားထိုးချင်တာ ပါသွားတဲ့လူတွေကလည်း အကုန်လုံးက ဒါရိုက်တာအဖွဲ့တွေနဲ့ လူတွေနဲ့ဆိုတော့ ဝင်ပြီးတော့ သရုပ်ဆောင်ပေးမယ့်သူမရှိဘူး ဖြစ်နေပြီး မထူးပါဘူး

ကိုယ်ပဲလုပ်ပါ့မယ်ဆိုပြီး လုပ်လိုက်တာ မမျှော်လင့်ဘဲဖြစ်ဖြစ်သွားတာပေါ့ ။ ရူးအောင်ချစ်ရသူကတော့ သက်သက်ကိုတည်ပြီးတော့ကို လက်တွေပဲပြမယ် ခန္ဓာကိုယ်တွေပဲ ပြမယ်ဆိုပြီးတော့ သပ်သပ်တည်ရိုက်တာပါ ။

 

 

အဓိကကတော့ ဘယ်လိုပြောရမလဲဆိုတော့ သဝန်တိုတာပေါ့ ၊ တိုတဲ့သူရှိတယ် မတိုတဲ့သူရှိတယ် ။ မတိုတဲ့သူနဲ့ရိုက်ရင် ပြဿနာရှိတယ် မတိုတဲ့သူနဲ့ရိုက်ရင် ပြဿနာမရှိဘူး။

အမြဲတမ်းကြီးတော့မဟုတ်ပါဘူး အခုနောက်ပိုင်းဆို ကျနော်တော်တော်တောင့်လျော့သွားတာ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆို ပိုဆိုးတယ် (စဉ်းစားလျက် )

ကျနော်တို့ကြားထဲမှာကျ ညှိနှိုင်းရတာတွေများတော့ အဆင်မပြေတာလည်းရှိတော့ ကိုယ်လည်း ကိုယ်လုပ်ချင်တဲ့အလုပ်လုပ် သူလည်းသူ လုပ်ချင်တဲ့အလုပ် လုပ်ပေါ့” ဆိုပြီးပြောပြသွားပါတယ်။

CRD-Nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.