နင်လမ်းတွေ့ ခဲ့ရင် သီချင်းလေးကို ပရိသတ်တွေတောင်းဆိုမှုကြောင့် အခက်အခဲတွေကြားက အသံသွင်းလို့ပြီးကြောင်းပြောလာတဲ့ယွန်းမြတ်သူ

Posted on

ပရိသတ်ကြီးရေ ယွန်းမြတ်သူကတော့ “အဆင်ပြေမနေပါဘူး”Music Videoလေးနဲ့ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားနေရာယူနေတဲ့သူတစ်ယောက်ပါ။ ထပ်မံပြီးသူမရဲ့ သီချင်းတွေအပြင် သူမဆိုထားတဲ့Coverသီချင်းလေးတွေဟာလည်း TikTokပရိသတ်တွေ အတွက် အဆော့များဆုံးသီချင်းထဲမှာပါဝင်နေတာပါ။

အချိန်တိုအတွင်းမှာ တဟုန်ထိုးအောင်မြင်လာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး အားပေးတဲ့ပရိသတ်တွေလည်း များစွာပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သီချင်းတောင်မထွက်ရသေးဘဲ အရမ်းကိုဟော့နေတဲ့ သူမရဲ့ ” နင်လမ်းတွေ့ ခဲ့ရင် ”သီချင်းလေးဟာ ပရိသတ်ပါးစပ်ဖျားမှာစွဲနေပြီး TikTokမှာလည်း ပရိသတ်တော်တော်များများအပြင် အနုပညာရှင်ဆယ်လီတွေပါ ဆော့နေကြတဲ့ သီချင်းလို့ဆိုရမှာပါ။

” နင်လမ်းတွေ့ ခဲ့ရင် ”သီချင်းလေးကို အမြည်းအနေနဲ့ပဲဆိုပြခဲ့တဲ့အတွက် ပရိသတ်အားပေးမှုမြင့်နေတာတောင် သီချင်းမထွက်သေးတာဟာ Music Videoနဲ့မှထွက်ချင်လို့လားဆိုတဲ့မှတ်ချက်တွေအပြင် သီချင်းကိုအမြန်ဆုံးထွက်စေချင်နေတဲ့ပရိသတ်တွေအတွက် သူမကတော့ မနေ့ကအောက်တိုဘာလ၁၇ရက်နေ့မှာ ကာကွယ်မှုအပြည့်အစုံဝတ်ဆင်ကာ Studioမှာသီချင်းသွင်းခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့ “#နင်လမ်းတွေ့ခဲ့ရင် Done💯🎧အချိန်လေးတော့ပေးပါဗျ သီချင်းတပုဒ်အချောပီးဖို့ အဆင့်တွေအများကြီးလုပ်ရလို့ပါအခက်အခဲတွေကြားကတောင် အသံသွင်းပီးပီဆိုတော့ သိပ်မကြာခင် သီချငိးထွက်လာတော့မှာမို့ ပါ ”ဆိုတဲ့စာလေးနဲ့ အသိပေးခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yoon Myat Thu

zawgyi




Source: Yoon Myat Thu

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.