Posted on
၁။ Gemini (May 21 – June 20)
၂။ Leo (July 23 – August 22)
၆။ Aries (March 21 – April 19)
Credit May Thu Soe
Unicode
နဂိုရှိရင်းစွဲအသက်ထက် ပိုငယ်တယ်လို့ အမြဲအထင်ခံနေရတဲ့ ရာသီခွင်များ …
လူတစ်ယောက်ကို ကြည့်လိုက်ရင် အသက်ခန့်မှန်းလို့ မရတဲ့လူတွေရှိပါတယ်။ အသက် ၃၀ ပေမယ့် ၂၄, ၂၅ လို့ ထင်ရတဲ့သူတွေရှိပါတယ်။ သူတို့က အသားအရေကို ဂရုစိုက်တဲ့အပြင် နဂိုကကို အရွယ်တင်လို့ပါ။ အသက်ငယ်တယ်လို့ အမြဲအထင်ခံရတဲ့ ရာသီခွင် (၆) ခု ထဲ သင်များ ပါနေမလား ကြည့်လိုက်နော်။
၁။ Gemini (May 21 – June 20)
Gemini ရာသီဖွားတွေက ပျော်ပျော်နေတတ်ကြပါတယ်။ စိတ်ညစ်စရာတွေ ရှိပေမယ့် ဒါတွေကို အပြုံးလေးနဲ့ပဲ ဖြေရှင်းတတ်ပါတယ်။ ဒါကြောင့်ပဲ Gemini တွေက အရွယ်တင်နေတာပါ။
၂။ Leo (July 23 – August 22)
Leo ရာသီဖွားတွေက သူတို့ကိုယ်သူတို့ ဂရုစိုက်ကြပါတယ်။ အသက် ၂၀ အရွယ်တည်းက Anti-Aging နဲ့ပတ်သက်တဲ့ အသားအရေထိန်းသိမ်းမှုတွေ လုပ်နေကြပါပြီ။ ဒါ့အပြင် နဂိုကလည်း အသက်ငယ်တဲ့ပုံစံ ရှိတာကြောင့် အရွယ်တင်ကြပါတယ်။ သူတို့အနားမှာ ရှိတဲ့လူတွေကိုလည်း အမြဲပျော်အောင် ထားကြပါတယ်။
၃။ Libra (September 23 – October 22)
Libra တွေက ဘယ်ပုံစံက သူတို့နဲ့ လိုက်လဲ ဘယ်လိုလုပ်ရင် သူတို့ပိုကြည့်ကောင်းမလဲ သိကြပါတယ်။ အသစ်အသစ်တွေကို စမ်းသပ်ကြည့်တတ်ပြီး စိတ်က အမြဲ တက်ကြွနေပါတယ်။ ဒါကြောင့်လည်း အရွယ်ကျတာမျိုးမရှိကြပါဘူး။
၄။ Pisces (February 19 – March 20)
ဒီရာသီဖွားတွေက ဘယ်တော့မှ အသက်မကြီးချင်ကြပါဘူး။ အနားက သူတို့ထက် ကြီးတဲ့ လူကြီးတွေရဲ့ ပုံစံကို အမြဲအကဲခတ်တတ်ပါတယ်။ အသက်ကြီးလာလို့ ဝလာတဲ့ ပုံစံတွေကို Pisces ရာသီဖွားတွေက အဖြစ်မခံပါဘူး။
ဒါကြောင့် ကလေးလေး တစ်ယောက်ယောက်လိုဖြစ်အောင် အမြဲ တက်တက်ကြွကြွနဲ့ ကြိုးစားနေထိုင်ကြပါတယ်။ ဒါကြောင့်လည်း ရှိရင်းစွဲထက် ပိုငယ်တယ်လု့ိထင်ရတာပါ။
၅။ Sagittarius (November 22 – December 21)
Sagittarius တွေရဲ့ ငယ်ရွယ်တဲ့အသွင်အပြင်နဲ့ စိတ်နေစိတ်ထားက ဘေးလူတွေကိုပါ ပိုငယ်သွားစေပါတယ်။ ဒါကြောင့်လည်း သူတို့က လူတွေကြား ထင်ရှားနေတတ်ပါတယ်။ အနားမှာရှိတဲ့ သူငယ်ချင်းတွေကို အမြဲပြုံးအောင် ကြိုးစားတတ်သူပါ။
၆။ Aries (March 21 – April 19)
Aries ရာသီဖွားတွေက နေ့သစ်တိုင်းမှာ အသစ်အသစ်တွေ ပြုလုပ်ရင်း ပျော်တတ်ကြပါတယ်။ လူတိုင်းက Aries ရာသီဖွားတွေနဲ့ သူငယ်ချင်းဖြစ်ချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ Aries အနားမှာ ရှိနေချိန်ဆိုရင် သူတို့ဘယ်တော့မှ မပျင်းလို့ပါ။ ပျော်ပျော်နေတတ်တာကြောင့် Aries တွေက ငယ်တယ်ထင်ရစေပါတယ်။
Credit May Thu Soe
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.