” နဂိုထဲကကျန်းမာရေးချူချာတဲ့လူရွှင်တော်ဧရာ Covid positive ဖြစ်ကြောင်းပြောပြလာတဲ့ လူရွှင်တော် ဌက်ပျောကြော်”

Posted on

ပရိသတ်ကြီးရေ လက်ရှိမှာတော့ Covid 19ရောဂါကပ်ဆိုးကြီးဟာ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ပထမCovid ကာလပြီးဆုံးပြီးနောက်ထပ်မံပြီး Second Waveအဖြစ် ထပ်မံဖြစ်ပွားလျက်ရှိတာပါ။

Covid Second Waveမှာတော့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေတော်တော်များများ ဖြစ်ပွားကာ ပြန်ကောင်းတဲ့သူတွေရှိသလို အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း ရှိတာကြောင့် ပရိသတ်တွေဝမ်းနည်းခဲ့ရတာပါ။ ဒီနေ့မှာလည်း လူရွှင်တော်ဌက်ပျောကြော်က” သောက်ကိုဗစ်ကတော့လူရွှင်တော်တွေဘက်လှည့်လာပြန်ပီမွေနိုးကိုဗစ်…”ဆိုပြီး တင်လါခဲ့တာပါ။

ပရိသတ်တွေနဲ့အတူ အနုပညာအသိုင်းပဝိုင်းတစ်ချို့က ဘယ်သူဖြစ်လဲလို့မှတ်ချက်တွေကို ဌက်ပျောကြော်က လူရွှင်တော်ဧရာ Covid positive ဖြစ်ကြောင်း ပြန်လည်မှတ်ချက်ပေးခဲ့တာပါ။ ကျန်းမာရေးအခံမကောင်းတဲ့ လူရွှင်တော်ဧရာအတွက် ပရိသတ်တွေ အပြင် အနုပညာမောင်နှမတွေပါစိတ်ပူလျက်ရှိကြတာပါ။ လူရွှင်တော်ဧရာရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ ဘာမှတင်ထားခြင်းမရှိသေးပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nga pyaw Gyaw

zawgyi




Source: Nga pyaw Gyaw

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.