မအေးသောင်းဟာဆိုရင် အနုပညာလောကထဲမှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပြန်ပြီး စန်းထလာခဲ့တဲ့အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။
မအေးသောင်းဟာ ဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုတိုင်းကနေ အနုပညာစွမ်းကိုပြနိုင်သူတစ်ယောက်ဖြစ်လို့ တစ်နိုင်ငံလုံးက ဝိုင်းပြီးအားပေးရတဲ့ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
မအေးသောင်းက မကြာခင်ကမှ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာလည်းပြသခံရပြီးဟိုးလေးတကျော်ဖြစ်သွားရတဲ့ မုန်းစွဲဇာတ်ကားကြီးမှာလည်း အကောင်းဆုံးသရုပ်ဆောင်ထားခဲ့ပြီး အကယ်ဒမီရွှေစင်ရုပ်တုကြီးကိုတစ်ကြိုပေးခြင်းခံခဲ့ရသလို ပရိသတ်တွေရင်ထဲက အကယ်ဒမီကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့သူပါ။ ချစ်စရာကောင်းပြီးပွင့်လင်းတဲ့မအေးသောင်းဟာ ပုရိသတွေရဲ့စွဲစွဲလန်းလန်းအားပေးချစ်မြတ်နိုးခြင်းကိုခံရသူတစ်ဦးဖြစ်သလို မိန်းကလေးတွေကပါ ချစ်မြတ်နိုးရတဲ့ မင်းသမီးတစ်လက်ပါ။
မကြာသေးမီက ပရိသတ်တွေကြားမှာမအေးသောင်းရဲ့ Tik tok ဆော့ထားတဲ့ Video လေးက ပျံ့နှံ့လာခဲ့ပြီး ပရိသတ်တွေက သဘောအကျကြီးကျကာ ဝိုင်း share နေကြပါတယ်။
အဲဒီ Tiktok video ထဲမှာတော့ မအေးသောင်းက မင်းသမီးပီပီပြောင်မြောက်လှတဲ့အိုက်တင်နဲ့ပရိသတ်တွေကို ဖျော်ဖြေနေခဲ့တာပါ။ မအေးသောင်းက video ထဲမှာ ရုပ်ရှင်ရိုက်နေရင်းနဲ့ shooting မှာ အားလို့ဆော့နေတာဖြစ်ပုံရပါတယ်။
ကလေးငယ်လေးလိုချစ်ဖို့ကောင်းတဲ့ မအေးသောင်းဟာ video လေးထဲမှာထုံးစံအတိုင်း ကျစ်ဆံမြီးလေးနဲ့ ချစ်ဖို့ကောင်းစွာလှနေပြီး “ဓာတ်တိုင်ကို ဒူးနဲ့တိုက်၊အိုက်စ်၊ ဓာတ်တိုင်ကိုဒူးနဲ့တိုက် အိုက်စ်၊ မင်းရှေ့က ဓာတ်တိုင်ကို ဒူးနဲ့တိုက်”ဆိုတဲ့သီချင်းနဲ့ အပီအပြင်ကိုအမူအရာအမျိုးမျိုးလုပ်ပြီးဒွန့်နေတာကိုချစ်စဖွယ်မြင်တွေ့ရပါတယ်။ အဲဒီထဲမှာ ဦးခင်လှိုင်ကြီးပါပါပြီး မအေးသောင်းနဲ့အတူတူလိုက်ဒွန့်လိုက်သေးတာကိုလည်း ရယ်ရွှင်ဖွယ်မြင်ရမှာပါ။ မအေးသောင်းက အဲဒီ video လေးကို “ဟာ ကလေးကလားတွေ၊ ဒီကြားထဲ ဦးခင်လှိုင်ကပါပါသေး”ဆိုတဲ့ စာသားလေးနဲ့ ရယ်တဲ့အီမိုဂျီလေးတွေနဲ့တင်ထားခဲ့ပြီး ပရိသတ်တောတော်များများက သဘောတကျပြန် Share ထားကြတာမြင်ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ မအေးသောင်းရဲ့ အဒွန့် video လေးကိုဖော်ပြပေးလိုက်ပါတယ်။
ပရိသတ်ကြီးရော ကလေးငယ်လေးလိုပျော်မြူးနေတဲ့ မအေးသောင်းကိုချစ်ကြလား။ မအေးသောင်းရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုရော အားပေးကြလား။ မအေးသောင်းရဲ့နောက်ထပ်အနုပညာတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။