ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့သူတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝမိတ်ကပ်ဖျက်ဆေး (၅)မျိုး

Posted on

တစ်ချို့အသားအရေတွေဟာ Sensitiveဖြစ်တာကြောင့် အလှကုန်အတော်များများနှင့် ဓါတ်မတည့်ပါဘူး။ မျက်နှာပေါ်မှာ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံဖြစ်စေတဲ့ မိတ်ကပ်အကျွင်းအကျန်တွေ၊ ဖုန်နှင့်အညစ်အကြေးတွေကို သန့်စင်ဖို့ မိတ်ကပ်ဖျက်ဆေး၊
မျက်နှာသစ်ဆပ်ပြာတွေ သုံးပေမယ့် ထိုအလှကုန်တွေကြောင့် ပိုဆိုးတာမျိုးလည်း ရှိပါတယ်။ သဘာဝ အသားအရေ ထိန်းသိမ်းမှု အလှကုန်တွေမှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းများ မပါဝင်ပါဘူး။ ဒါ့ကြောင့် မိတ်ကပ်တွေကို သဘာဝပစ္စည်းတွေနဲ့ ဖယ်ရှားနိုင်မယ့် နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်နော်။

၁။ နို့ရည်

နို့မှာ ပရိုတင်းနှင့် အဆီပါဝင်ပါတယ်။ ဒါက သင့်အသားအရေအတွက် အရမ်းကောင်းပါတယ်။ နို့က သင့်အသားအရေကို အာဟာရဓါတ်ဖြည့်ပေးပြီး အစိုဓါတ်ရရှိစေပါတယ်။ နို့မှာ လက်တစ်အက်ဆစ် ပြည့်ဝတာကြောင့် သင့်အသားအရေကို
ညင်သာစွာ exfoliate လုပ်ပေးပါက ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြား ခြောက်သွေ့နေလျှင် နွားနို့စစ်စစ်ကိုသုံးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေကတော့ အဆီထုတ်ထားတဲ့ နို့ကို အသုံးပြုနိုင်ပါတယ်။ နို့ရည်ကို သုံးပြီးနောက်မှာ ရေနွေးနွေးဖြင့် မျက်နှာကို သန့်စင်ပေးပါ။

၂။ ရှားစောင်းလပ်ပတ်

ဒီမျိုးစိတ်က တကယ့်ကို အံ့ဖွယ်ပါပဲ။ ၎င်းရဲ့ ဂုဏ်သတ္တိများကို ရာစုနှစ်များစွာ အလှအပအတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီအပင်မှာ phytonutrients ၂ဝဝခန့်နှင့် အမိုင်နိုအက်ဆစ် ၁၅ကျော်ကျော် ပါဝင်ပါတယ်။
မျက်လုံးမိတ်ကပ်တွေကို ဖယ်ရှားဖို့ ရှားစောင်းလက်ပတ်ဂျယ် အစက်အနည်းငယ်ကို အသုံးပြုပါ။ ဒါက သင့်အသားအရေနှင့် မျက်လုံးကို ယားယံစေမှာ မဟုတ်ပါဘူး။ သင့်မျက်နှာပေါ်မှာ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

၃။ အုန်းဆီ

အုန်းဆီိမှာ အပြည့်အဝအသုံးချလို့ ရမယ့် နည်းလမ်းတွေ မရေမတွက်နိုင်အောင်ပါပဲ။ အုန်းဆီကို မျက်နှာပေါ်ကမိတ်ကပ်တွေ ဖယ်ရှားဖို့ လွယ်ကူစိတ်ချစွာ သုံးလို့ရပါတယ်။ အုန်းဆီနဲ့ ရေစိုခံမိတ်ကပ်တွေကို ဖယ်ရှားလို့ရပါတယ်။
အုန်းဆီဟာ အာဟာရဓါတ်များနှင့် ရေဓါတ်များ ရရှိစေတာကြောင့် သင့်အသားအရေကို ချောမွေ့ပြီး ကျန်းမာစေပါတယ်။ သင့်မျက်နှာပေါ်မှာ အုန်းဆီကို အသုံးပြုပြီးတဲ့အခါ ရေဖြင့် ပြန်လည်ဆေးကြောဖို့ မမေ့ပါနဲ့။

၎။ သခွားသီးရည်

သခွားသီးက လန်းဆန်းစေပြီး ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ သခွားရည်က အသားအရေစိုပြေစေတဲ့ လိုးရှင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ သခွားဖျော်ရည်ကို စပ်ဖျဉ်းဖျဉ်းဖြစ်တဲ့ အသားအရေပေါ်မှာ လိမ်းပေးနိုင်ပါတယ်။
ဒါ့အပြင်သူက ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။ ၀ါဂွမ်းတစ်ခုကို သုံးပြီး မျက်နှာ အရေပြားပေါ်မှာ ညင်သာစွာ သုတ်လိမ်းပေးပါ။ သင့်အသားအရေကို ပိုမိုထိရောက်ပြီး အာဟာရ ရရှိစေဖို့ သခွားရည်ထဲမှာ ဆီနည်းနည်းထည့်ပေးပါ။

၅။ ထောပတ်သီး

ထောပတ်သီးစားရင် ကျန်းမာရေးအတွက် ကောင်းစေတဲ့အပြင် အလှအပနှင့် ပတ်သတ်ရင်လည်း မိတ်ကပ် remover ကဲသို့ သုံးနိုင်ပါသေးတယ်။ ထောပတ်သီးကို အိုင်းရှဲဒိုးတွေ မျက်တောင်ကော့ဆေးတွေဖျက်ဖို့ သုံးနိုင်ပါတယ်။
ထောပတ်အဆီမှာ ဗီတာမင်နှင့် ဖက်တီးအက်ဆစ်တွေ ပါဝင်တာကြောင့် သင့်မျက်နှာကို အလွယ်တကူသန့်စင်ပေးပြီး အာဟာရဓါတ် ရရှိစေပါတယ်။

Source;Lifestyle_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.