ဒုတိယမြောက်သမီးရတနာလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အိအိတုန်

Posted on




Source: Ei Tone’s fb

Unicode

နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အိအိတုန်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်လမ်းဇာတ်ရှိန်ကို မြင့်တက်စေအောင် ကူညီပံ့ပိုးပေးရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိအိတုန်ကတော့ အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်သွားသည့်တိုင် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ဒီနေ့ဒီအချိန်ထိ ခံယူထားဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိအိတုန်ကိုသာမကပဲ သူမရဲ့ မိသားစုလေးကိုပါ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီဖြစ်တဲ့ အိအိတုန်က ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းမှာတော့ သူမရဲ့ ဒုတိယမြောက် သမီးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ အိအိတုန်ရဲ့ သမီးလေးကတော့ ကျန်းကျန်းမာမာနဲ့ပဲ လူ့လောကကြီးထဲကို ရောက်ရှိလာခဲ့ပြီး အိအိတုန်ကလည်း အေးအေးဆေးဆေးနဲ့ နေကောင်းကျန်းမာနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အိအိတုန်ကတော့ သမီးလေးတစ်ယောက်ကို ထပ်မံရရှိခဲ့ပြီဖြစ်ပြီး သမီးလေးကလည်း အိအိတုန်နဲ့ တူပြီး အရမ်းချစ်စရာကောင်းတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိအိတုန်ရဲ့ ချစ်စရာကောင်းတဲ့သမီးလေးကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ei Tone’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.